DVB Logo
Home
မြန်မာသတင်း
အချိန်ပိုလုပ်အားခတောင်းသည့် ပုသိမ်စက်မှုဇုန် အထည်ချုပ်လုပ်သားများ ခြိမ်းခြောက်ခံနေရ
DVB
·
February 13, 2024
အချိန်ပိုလုပ်အားခတောင်းသည့် ပုသိမ်စက်မှုဇုန် အထည်ချုပ်လုပ်သားများ ခြိမ်းခြောက်ခံနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်ရှိ ကင်မလင်းကျွန်း စက်မှုဇုန်ထဲက အထည်ချုပ် အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းနေပြီး အချိန်ပိုလုပ်အားခတောင်းပါက အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အထည်ချုပ်အလုပ်သမားတွေ အချိန်ပို လုပ်အားခတောင်းပါက အရေးယူမယ်ဆိုပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုသိမ်မြို့ ကင်မလင်းကျွန်း စက်မှုဇုန်က အထည်ချုပ်စက်ရုံ မန်နေဂျာတွေက ပူးပေါင်းခြိမ်းခြောက်နေတာလို့ အထည်ချုပ် ဆိုပါတယ်။

''Amava Apparel အထည်ချုပ်စက်ရုံက လုပ်သားတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ သူတို့လုပ်ထားတဲ့ လုပ်အားခပေါ့၊ အချိန်ပိုလုပ်အားခ (OT) ကြေးလို့လည်း ခေါ်တယ် စက်ရုံရဲ့ မန်နေဂျာဆီ စုပေါင်း သွားတောင်းခဲ့တာပါ။ အဲ့လို စုပေါင်းတောင်းပြီးနောက် အခုတော့ မန်နေဂျာက ဆန္ဒပြနေတယ်လို့ စွပ်စွဲပြီးတော့ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရဲတွေနဲ့ ဖမ်းမယ်၊ ဆီးမယ်လုပ်နေတာ။ ကိုယ့်လုပ်အားခကိုယ် တောင်းမိတာတောင် ဖမ်းခံရတော့မယ့်ဘဝ” လို့ အထည်ချုပ် ခေါင်းဆောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ Amava Apparel အထည်ချုပ် စက်ရုံက လုပ်သားတွေ အချိန်ပိုလုပ်အားခ (OT) ကြေးတောင်းတာကို ခြိမ်းခြာက်ခံနေရပြီးနောက် ကျန်စက်ရုံတွေက အလုပ်သမားတွေကိုလည်း အချိန်ပိုလုပ်အားခ တောင်းပါက ငြိမ်းစုစီ ဥပဒေ ပုဒ်မ တွေနဲ့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

''စက်မှုဇုန်က တနေရာတည်းဆိုတော့ ကျမတို့လည်းသိတယ် ဖြစ်ပျက်နေတာတွေကို။ ကျမတို့လည်း ခံစားနေရတာ။ အချိန်ပို လုပ်အားခပေးဖို့ကို ဟိုရွှေ့ဒီရွှေ့နဲ့ ရွှေ့လာတာကြာပြီလေ၊ အခုအထိပဲ ဆိုပါတော့၊ ကျမတို့လည်း မရသေးဘူး။ မန်နေဂျာ ဆိုသူတွေက အကုန်ပေါင်းပြီး အလုပ်သမားတွေကို ခြိမ်းခြောက် နေတာ။ သူတို့မို့လို့ လုပ်ရက်တယ်၊ တရက်လုံး လုပ်နေရတဲ့အပြင် အချိန်ပိုထပ်ခိုင်းလို့ လုပ်ရတော့ အချိန်ပိုကြေးပေးရမှာကို မပေးချင်တော့ အခုလိုခြိမ်းခြောက်တာပဲ။ ဒီဘက်စက်ရုံက အလုပ်သမားတွေကိုလည်း အချိန်ပိုလုပ်အားခတောင်းရင် ဖမ်းဆီးအရေးယူမယ်တဲ့” လို့ အထည်ချုပ်စက်ရုံအလုပ်သမားတ ယောက်က ပြောပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ အချိန်ပိုကြေးနဲ့ လူမှုဖူလုံရေး စရိတ်က ဥပဒေအရ မဖြစ်မနေ ပေးရမယ့်ကိစ္စဖြစ်ပြီး ဖြတ်တောက်တာ၊ လျှော့ချတာတွေ လုပ်လို့မရကြောင်းနဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်က လူမှုဖူလုံရေး အရာရှိနဲ့ အလုပ်သမား စစ်ဆေးရေး အရာရှိတွေကို တင်ပြဆွေးနွေး တောင်းယူသင့်တယ်လို့ အကြံပြုထား ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ်က ရုတ်တရက် ပိတ်လိုက်တဲ့ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် ကင်မလင်းကျွန်း စက်မှုဇုန်ထဲက Haubo Times၊ He Shan နဲ့ North Shore အထည်ချုပ်စက်ရုံတို့က အလုပ်သမား ၃၀၀၀ ကျော်ဟာလည်း အချိန်ပိုကြေးနဲ့ လူမှုဖူလုံရေးစရိတ်တွ ဒီနေ့အထိ မရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013