DVB Logo
Home
မြန်မာသတင်း
နော်ဝေနှင့် အမေရိကန်အကူအညီဖြင့် ထိုင်းတက္ကသိုလ် ၂ ခုက မြန်မာကျောင်းသားများအတွက် ပညာသင်ဆုပေးမည်
DVB
·
February 12, 2024
နော်ဝေနှင့် အမေရိကန်အကူအညီဖြင့် ထိုင်းတက္ကသိုလ် ၂ ခုက မြန်မာကျောင်းသားများအတွက် ပညာသင်ဆုပေးမည်
Donate to DVB

နော်ဝေနဲ့ အမေရိကန်အစိုးရ ထောက်ပံ့မှုတွေနဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် Mahidol  တက္ကသိုလ်နဲ့ Payap တက္ကသိုလ် ၂ ခုကနေ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုတွေ ခေါ်ယူနေပါတယ်။

မဟီဒေါတက္ကသိုလ် ပညာသင်ဆုအစီအစဉ်ကိုတော့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကူညီထောက်ပံ့မှုနဲ့ ပညာသင်ဆု အပြည့်အပဝ ပေးအပ်သွားမှာဖြစ်ပြီးတော့ သိပ္ပံနဲ့ နည်းပညာ၊ အင်ဂျင်နီယာပညာရပ်နဲ့ ပြည်သူ့ကျန်းမာရေးနယ်ပယ်တွေ အသီးသီးက ဘာသာရပ်မျိုးစုံအတွက် ဘွဲ့လွန်မဟာဘွဲ့ ဘာသာရပ် ၇ ခုနဲ့ ဘွဲ့ကြိုဘာသာရပ် ၈ ခုတို့အတွက် ဘွဲ့သင်တန်းတွေကို စီစဉ်ဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ထားတာပါ။

လျှောက်ထားဖို့ စိတ်ဝင်စားသူတွေ အနေနဲ့ကတော့ မဟီဒေါတက္ကသိုလ်ရဲ့ ဘွဲ့သင်တန်း ရေးရာ အရာရှိတွေဆီ တိုက်ရိုက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မယ်လို့ ဆိုပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကာ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးကို စွမ်းရည်မြှင့်တင်တည်ဆောက်ဖို့ ရည်ရွယ်ပြီး မဟီဒေါ တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပြီး လတ်တလောအချိန်ထိ ဘွဲ့ရမြန်မာကျောင်းသား ၁၈၀ ကျော် မွေးထုတ်ပေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာပဲ ထိုင်းမြောက်ပိုင်း ချင်းမိုင်အခြေစိုက် တက္ကသိုလ်တခုဖြစ်တဲ့ Payap တက္ကသိုလ်ကလည်း အမေရိကန်အခြေစိုက် USAID/Burma ရဲ့ Diversity and Inclusion Scholarship Program (DISP) ရဲ့ ပံ့ပိုးကူညီမှုနဲ့ Institute of International Education, Inc. (IIE) နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ဟာ ဘတ်ဂျက်ဒေါ်လာ ၄၅ သန်းနဲ့ ၅ နှစ်စီမံကိန်းဖြစ်ပြီး ဒေသတွင်းနဲ့ ဒေသ ဆိုင်ရာ ပညာသင်ဆုတွေ ပေးအပ်တာနဲ့အတူ လက်ရှိကာလနဲ့ အနာဂတ် မြန်မာနိုင်ငံအတွက် ရပ်ရွာလူထုခေါင်းဆောင်တွေ၊ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အုပ်စုတွေက ခေါင်း ဆောင်တွေအတွက် အရည်အသွေးမြင့် အဆင့်မြင့်ပညာရေး သင်ယူမှုအခွင့်အလမ်းတွေ ရရှိနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အစီအစဉ်သစ်အရ  Payap တက္ကသိုလ်ရဲ့ နိုင်ငံတကာ ကောလိပ်ကနေ ကျောင်းသား ၁၅ ယောက်အထိ ပညာသင်ဆု အပြည့်ပေးသွားမှာဖြစ်ပြီး အဓိကအားဖြင့် မွန်ပြည်နယ် အခြေစိုက် မွန်အမျိုးသားကောလိပ် (MNC)နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တိုင်းရင်းသားပညာသင်ကျောင်းတွေက ကျောင်းသားတွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013