DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ဒုတိယနှင့် တတိယ မဲအများဆုံးရသည့် ပါတီနှစ်ခု ပူးပေါင်းပြီး အစိုးရဖွဲ့ရန် ကြိုးပမ်း
DVB
·
February 12, 2024
ပါကစ္စတန်တွင် ဒုတိယနှင့် တတိယ မဲအများဆုံးရသည့် ပါတီနှစ်ခု ပူးပေါင်းပြီး အစိုးရဖွဲ့ရန် ကြိုးပမ်း
Donate to DVB

ပါကစ္စတန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း အင်အားစုတွေ မဲအများဆုံး ရခဲ့ပေမဲ့ ဒုတိယနဲ့ တတိယမဲအများဆုံးရတဲ့ ပါတီကြီးနှစ်ခု ပူးပေါင်းသွားမယ်လို့ ကြေညာလိုက်တဲ့အတွက် အခြေအနေတွေ ပိုမိုရှုပ်ထွေးလာပြီ ဖြစ်ပါတယ်။

သူတို့နှစ်ပါတီ ဦးဆောင်ပြီးသာ အစိုးရဖွဲ့နိုင်ခဲ့ရင် လက်ရှိရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ် ဆန္ဒပြနေကြတဲ့ အင်မရန်ခန်း ထောက်ခံသူတွေ ပိုပြီး ဆူပူအုံကြွလာနိုင်ပါတယ်။

တခြား ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ နာဝပ်ရှရစ်ဖ်ရဲ့ PML-N ပါတီနဲ့ လုပ်ကြံခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ သားဖြစ်သူ ဘီလာဝယ်ဘူတို ဦးဆောင်တဲ့ PPP ပါတီတို့ဟာ နိုင်ငံရေးတည်ငြိမ်မှုရစေဖို့ အတူလက်တွဲ လုပ်ဆောင်သွားမယ်လို့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ချန်ပီယံခရစ်ကက်ကစားသမားဟောင်း ခန်းကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ အမှတ်တံဆိပ်အဖြစ် ခရစ်ကက်ရိုက်တံကို အသုံးပြုခွင့်မရတဲ့အတွက် PTI ပါတီက အမတ်လောင်းတွေဟာ တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရလဒ်အရ လွှတ်တော်မှာ တသီးပုဂ္ဂလတွေက ၁၀၁ နေရာနိုင်ခဲ့ပြီး PTI က ၉၃ ယောက် ပါတယ်လို့ တွက်ချက်ထားပါတယ်။ PML-N က ၇၅ ယောက်၊ PPP ပါတီက ၅၄ ယောက် ရပါတယ်။

အစိုးရဖွဲ့နိုင်ဖို့က လွှတ်တော်မှာ ၁၆၉ နေရာရှိတဲ့ ညွန့်ပေါင်းအဖွဲ့ ဖြစ်ဖို့လိုပါတယ်။ လွှတ်တော်အမတ်နေရာ ၃၃၆ နေရာမှာ ၂၆၆ နေရာကို တိုက်ရိုက်ရွေးကောက်ပြီး ကျန်နေရာ ၇၀ မှာ ၆၀ ကို အမျိုးသမီးတွေ၊ ၁၀ နေရာကို မွတ်စလင်မဟုတ်သူတွေအတွက် ထားရှိပါတယ်။

အဲဒီနေရာ ၇၀ ကိုလည်း ပါတီအသီးသီးရဲ့ လက်ရှိအနိုင်ရတဲ့ အမတ်အရေအတွက်ပေါ် အခြေခံပြီး အချိုးကျခွဲပေးတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဘယ်ပါတီကမှ တပါတီတည်း အစိုးရမဖွဲ့နိုင်သလို ဒုတိယနဲ့ တတိယ မဲအများဆုံးရတဲ့ ပါတီနှစ်ခုပေါင်းလည်း အစိုးရမဖွဲ့နိုင်သေးပါဘူး။

ဒါကြောင့် အမတ်နေရာ ၁၇ နေရာ နိုင်ထားတဲ့ ကရာချိပြည်နယ်အခြေစိုက် MQM ပါတီက အဓိကကျနေပြီး သူတို့ကိုပါ ရအောင်ဆွယ်နိုင်မှ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ရှိပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013