DVB Logo
Home
အားကစား
တိုက်စစ်မှူးနေမာ ဆန်းတို့စ်အသင်းတွင် ပြန်ကစားမည်ဟု အသင်းဥက္ကဋ္ဌ အတည်ပြု
DVB
·
February 12, 2024
တိုက်စစ်မှူးနေမာ ဆန်းတို့စ်အသင်းတွင် ပြန်ကစားမည်ဟု အသင်းဥက္ကဋ္ဌ အတည်ပြု
Donate to DVB

တိုက်စစ်မှူးနေမာအနေနဲ့ မိခင်ကလပ် ဆန်းတို့စ်အသင်းမှာ ပြန်ကစားမယ်လို့ ကတိပေးထားကြောင်း ဆန်းတို့စ်အသင်းဥက္ကဋ္ဌက အတည်ပြုသွားပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းမှာ ကစားနေပြီး ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရဦးမှာပါ။

အယ်လ်ဟီလယ်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ ဆန်းတို့စ်အသင်းမှာ ပြန်ကစားမယ်ဆိုတဲ့ကတိ ရရှိထားကြောင်း အသင်းဥက္ကဋ္ဌ မာဆယ်လိုက ပြောပါတယ်။

အသင်းဆီ ပြန်လာနိုင်ဖို့အတွက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ လိုအပ်မှာဖြစ်ပြီး ဆော်ဒီမှာ သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှခဲ့ပြီးနောက်မှာ အသင်းဆီပြန်လာမှာဖြစ်ကြောင်း ဆန်းတို့စ်ဥက္ကဋ္ဌက ပြောပါတယ်။

နေမာဟာ ကစားသမားဘဝကို ဆန်းတို့စ်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013