DVB Logo
Home
နိုင်ငံတကာ
ကာလီဖိုးနီးယားတွင် ရဟတ်ယာဉ်ပျက်ကျပြီး လူ ၆ ဦး သေဆုံး
DVB
·
February 11, 2024
ကာလီဖိုးနီးယားတွင် ရဟတ်ယာဉ်ပျက်ကျပြီး လူ ၆ ဦး သေဆုံး
Donate to DVB

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ရဟတ်ယာဉ်ပျက်ကျမှုအတွင်း နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းတွေထဲက တခုရဲ့ အမှုဆောင် အရာရှိချုပ် အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

လူ ၆ ဦး စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ နီဗားဒါးပြည်နယ် ဘိုးဒါးလ်မြို့ကို သွားနေတုန်း ကာလီဖိုးနီးယားပြည်နယ် ဟော်လိုရန် စပရင်းစ်ဒေသနားမှာ ည ၁၀ နာရီလောက်က ပျက်ကျခဲ့တာလို့ အမျိုးသားသယ်ယူပို့ဆောင်ရေးနဲ့ ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) က ပြောပါတယ်။

သေဆုံးခရီးသည်တွေထဲက တယောက်ဟာ အက်ဆက်စ် ဘဏ်အုပ်စုရဲ့ အမှုဆောင် အရာရှိချုပ် ဟားဘတ်ထ် ဝစ်ဂ်ဝီဖြစ်ပြီး နိုင်ဂျီးရီးယား Exchange Group ရဲ့ ဥက္ကဋ္ဌဟောင်း အာဘင်ဘိုလာ အိုဂန်ဘန်ဂျိုနဲ့အတူ သေဆုံးကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ရဲ့ ညွှန်ချုပ် အန်ဂိုဇီ အိုခွန်ဂျို အီဝှေးလားက လူမှုကွန်ယက်မီဒီယာ X မှာ အတည်ပြုပါတယ်။

ရဟတ်ယာဉ်ပျက်ကျချိန်မှာ လေရောမိုးပါ ရွာသွန်းတိုက်ခတ်နေတယ်လို့ မျက်မြင် သက်သေတွေက အစီရင်ခံပါတယ်။ ရဟတ်ယာဉ်ထဲမှာ လေယာဉ်မှူး အခန်းထဲက အသံနဲ့ ပျံသန်းမှုဒေတာ မှတ်တမ်းတင်စက်တွေ တပ်ဆင်မထားဘူးလို့ NTSB က ပြောပါတယ်။

Source/Photo-REUTERS/Susana Vera

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013