DVB Logo
Home
နိုင်ငံတကာ
ရီယိုကာနီဗယ်ပွဲတော်၏ ဇာတ်ရှိန်အမြင့်ဆုံး ဆမ်ဘာသရုပ်ပြ ပြိုင်ပွဲစတင်
DVB
·
February 11, 2024
ရီယိုကာနီဗယ်ပွဲတော်၏ ဇာတ်ရှိန်အမြင့်ဆုံး ဆမ်ဘာသရုပ်ပြ ပြိုင်ပွဲစတင်
Donate to DVB

ပြီးခဲ့တဲ့ သောကြာနေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးပါတီပွဲလို့ ထင်ရှားတဲ့ ရီယိုကာနီဗယ် ပွဲတော်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအချိန်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက် တနင်္ဂနွေနေ့ ညပိုင်းမှာတော့ ဆမ်ဘာကျောင်းတွေရဲ့ အက၊ အလှ သရုပ်ပြလှည့်လည်မှု ပြိုင်ပွဲကြီး စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့မှာ ဖေဖော်ဝါရီလဆန်းကတည်းက လမ်းပေါ် ပါတီပွဲတွေနဲ့  ပွဲတွေရာသီကို စဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆမ်ဘာဒရုမ်းလို့ ခေါ်တဲ့ ပြပွဲကျင်းပရာ ကွင်းကြီးထဲမှာ ၂ ညတာ ပြုလုပ်တဲ့ ပြိုင်ပွဲက အရေးပါဆုံးနဲ့ လူစိတ်ဝင်စားမှုအရှိဆုံး ဖြစ်ပါတယ်။

နောက်ဆုံး ဆန်ကာတင် အရွေးခံထားရတဲ့ ကျောင်း ၁၂ ကျောင်းမှာ တညကို ၆ ကျောင်းစီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဖွဲ့တဖွဲ့ကို လူ ၃,၀၀၀ လောက်အထိ ပါဝင်ပြီး မီတာ ၇၀၀ ရှည်တဲ့ ကွင်းကြီးထဲမှာ ပရိသတ် ၇၀,၀၀၀ လောက် စီတန်းလှည့်လည်ရင်း ကပြရတာ ဖြစ်ပါတယ်။

ရီယိုဒီဂျနေရိုး တမြို့တည်းတင် ဆမ်ဘာ အကကျောင်း ၁၂၀ အထိရှိပြီး တခြားမြို့တွေက ကျောင်းတွေပါ ပေါင်းလိုက်ရင် ရာနဲ့ချီရှိတဲ့အထဲကမှ ၁၂ ကျောင်းကိုပဲ နောက်ဆုံး ဆန်ကာတင်အဖြစ် အရွေးခံရတာ ဖြစ်ပါတယ်။

အရွေးခံရတဲ့အဖွဲ့တွေဟာ ဒေါ်လာ ၁ သန်းလောက် ကုန်ကျတဲ့ အပြင်အဆင်တွေနဲ့ တဖွဲ့ကို ၇၅ မိနစ်စီ တင်ဆက်ရတာ ဖြစ်ပါတယ်။ ဆမ်ဘာဒရုမ်းကွင်းကြီးထဲ ဝင်ကြေးက ၁၄ ဒေါ်လာကနေ ဒေါ်လာ ၄၀၀ အထိ ကျသင့်ပါတယ်။

ရီယိုကာနီဗယ်ပွဲတော်အတွက် ပြည်နယ်အစိုးရက ဘရာဇီးငွေ ရီယာ ၆၂ သန်းခွဲ (အမေရိကန် ဒေါ်လာ ၁၂ သန်းခွဲ) လောက် ရင်းနှီးမြှုပ်နှံပြီး ဆမ်ဘာကျောင်းတွေကို အဲဒီငွေနဲ့ ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ 

ရီယို စီရင်စု အာဏာပိုင်တွေကလည်း နောက်ထပ် ရီယာ သန်း ၄၀ ထပ်ပံ့ပိုးပါတယ်။ ဒီပွဲကနေ ဒေသစီးပွားရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ဝင်သလို  ဘရာဇီး တနိုင်ငံလုံး စီးပွားရေးအတွက် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံလောက် ဝင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source/Photo-REUTERS/Carla Carniel

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013