DVB Logo
Home
နိုင်ငံတကာ
မှတ်ဉာဏ်မကောင်းတော့သည့်အဘိုးကြီးဟု ပြောဆိုခံရမှုအပေါ် သမ္မတ ဘိုင်ဒင် ဒေါသတကြီး တုံ့ပြန်
DVB
·
February 9, 2024
မှတ်ဉာဏ်မကောင်းတော့သည့်အဘိုးကြီးဟု ပြောဆိုခံရမှုအပေါ် သမ္မတ ဘိုင်ဒင် ဒေါသတကြီး တုံ့ပြန်
Donate to DVB

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ “မှတ်ဉာဏ်သိပ်မကောင်းတော့တဲ့ သက်ကြီးရွယ်အို” မို့လို့ စွဲချက်မတင်တော့ဘူးဆိုတဲ့ အထူးဥပဒေအရာရှိရဲ့ အစီရင်ခံစာပါ မှတ်ချက်ကို ဘိုင်ဒင်က “ကျုပ်မှတ်ဉာဏ်က အကောင်းကြီးရှိပါသေးတယ်” လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဂါဇာအရေး မေးခွန်းထုတ်တဲ့အချိန်မှာ မက္ကဆီကိုသမ္မတနဲ့ အီဂျစ်သမ္မတကို မှားယွင်း ပြောဆိုသွားပါသေးတယ်။

“ခင်ဗျားတို့ အစောပိုင်းသိထားသလိုပဲ မက္ကဆီကိုသမ္မတ ဆီဆီက လူသားချင်းစာနာမှု အကူအညီတွေပို့ဖို့ ဂိတ်မဖွင့်ပေးချင်ဘူး။ ကျနော် သူနဲ့ပြောလိုက်တယ်။ သူ့ကို နားချလိုက်နိုင်တယ်ပေါ့” လို့ ဘိုင်ဒင်က ပြောသွားခဲ့တာဖြစ်ပြီး အီဂျစ်သမ္မတ ဆီဆီကို မက္ကဆီကိုသမ္မတလို့ မှားပြောသွားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်း အစီရင်ခံစာ ထွက်လာပြီးနောက် ညနေပိုင်းမှာ ဘိုင်ဒင်က ရုတ်တရက် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဒုတိယသမ္မတတာဝန်က အနားယူချိန်မှာ အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတွေ ယူသွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ၁၅ လကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်တဲ့ အထူးဥပဒေအရာရှိ ရောဘတ်ဟားရဲ့ အစီရင်ခံစာ ထွက်လာခဲ့တာဖြစ်ပါတယ်။

ဘိုင်ဒင်ကို စွဲချက်မတင်သင့်ဘူးလို့ အထူးအရာရှိက ဆုံးဖြတ်ခဲ့ပေမဲ့ သမ္မတရဲ့ မှတ်ဉာဏ်စွမ်းရည်ဟာ “သိသိသာသာ အကန့်အသတ်ရှိနေတယ်” ဆိုတဲ့ အသုံးအနှုန်းတွေပါ အစီရင်ခံစာမှာ ပါဝင်ခဲ့ပါတယ်။

“မစ္စတာဘိုင်ဒင်ကို ကျနော်တို့ တွေ့ဆုံမေးမြန်းခဲ့သလိုမျိုးပဲ၊ ခုံရုံးတင်စစ်ဆေးရင်လည်း သူ့ကိုယ်သူ သနားစရာ၊ သဘောရိုးတဲ့ မှတ်ဉာဏ်သိပ်မကောင်းတော့တဲ့ သက်ကြီးရွယ်အိုတယောက်အဖြစ် ဂျူရီတွေကို လျှောက်လဲမယ့်သဘော ရှိတဲ့အတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ဖို့ ခက်ပါလိမ့်မယ်” လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

သူ့သားတယောက် ဆုံးတဲ့ခုနှစ်တောင် မမှတ်မိဘူးဆိုတဲ့ ပြောဆိုချက်အပေါ်မှာလည်း ဘိုင်ဒင်က “ဘယ်လိုကြောင့် သူဒီလိုပြောရဲရတာလဲ” လို့ တုံ့ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013