DVB Logo
Home
အားကစား
၀င်ငွေအများဆုံးရ အားကစားသမားစာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးက ရပ်တည်
DVB
·
February 9, 2024
၀င်ငွေအများဆုံးရ အားကစားသမားစာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးက ရပ်တည်
Donate to DVB

ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော် နယ်ဒိုက နံပါတ်တစ်နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ 

Sportico Business Sport ရဲ့ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမား ၁၀၀ စာရင်းမှာ စီရော်နယ်ဒိုက လုပ်ခ အဖြစ် အမေရိကန်ဒေါ် လာ ၂၁၅ သန်း အပါအဝင် တခြား ဝင်ငွေရလမ်းတွေကနေ ကန်ဒေါ်လာသန်း ၆၀ နဲ့ စုစုပေါင်းကန်ဒေါ်လာ ၂၇၅ သန်းဝင်ငွေရပြီး  နံပါတ်တစ်နေရာမှာရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာ စပိန်နိုင်ငံသား ဂေါက်သီး အားကစားသမားဂျွန်ရမ်က စုစုပေါင်း ကန်ဒေါ်လာ ၂၀၃ သန်းနဲ့ အဆင့် ၂ နေရာမှာရပ်တည်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက လုပ်ခလစာကနေ ကန်ဒေါ်လာ ၆၅ သန်း တခြားဝင်ငွေရလမ်းတွေကနေ ကန်ဒေါ်လာ ၆၅ သန်း စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၃၀ နဲ့ အဆင့် သုံး နေရာမှာရပ်တည်ပါတယ်။

ထိပ်တန်း အားကစားသမား  ၁၀ ဦးစာရင်းမှာ ဘောလုံးသမား ၄ ဦးသာပါဝင်ပြီး ပီအက်စ်ဂျီက အမ်ဘာပေက ကန်ဒေါ်လာ ၁၂၅ သန်းနဲ့ အဆင့်၅ ၊ အယ်ဟီလယ်က နေမာက ကန်ဒေါ်လာ ၁၂၁ သန်းနဲ့ အဆင့် ၆ နေရာတွေမှာ အသီးသီး ရပ်တည်ပါတယ်။

ထိပ်ဆုံး ၁၀ဦးစာရင်းမှာ  လီဘရွန်ဂျိမ်းစ်အပါအဝင် NBA ဘက်စကတ်ဘောကစားသမား ၄ ဦးနဲ့ အမေရိကန်ဘောလုံး ကစားသမားတစ်ဦးတို့ ပါဝင်ပါတယ်။

အယောက် ၁၀၀ ဦးစာရင်းမှာ ဘောလုံးသမားတွေထဲကတော့ ဘင်ဇီမာ၊ ဟာလန်း၊ ဆာလာတို့က အဆင့် ၂၃ အတွင်းမှာပါဝင်ပြီး မာနေးက အဆင့် ၇၀၊ မာရက်ဇ်နဲ့ လီဝန်ဒေါ စကီးတို့က အဆင့် ၈၃ ၊ ဒီဘရိုင်းက အဆင့် ၈၈ မှာ ရပ်တည်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013