DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် ကိုဗစ်ချေးငွေ ပြန်မဆပ်ပါသည့် တောင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
DVB
·
February 8, 2024
ကျုံပျော်တွင် ကိုဗစ်ချေးငွေ ပြန်မဆပ်ပါသည့် တောင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်မှာ ကိုဗစ်ချေးငွေ ပြန်မဆပ်ပါက ဖမ်းဆီးအရေးယူမယ်လို့ ဒီလပိုင်းအတွင်း တောင်သူလယ်သမားတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံပျော်မြို့နယ် စိုက်ဘဏ်မန်နေဂျာ ဦးကြည်လွင်က မြို့နယ်အတွင်းရှိ တောင်သူတွေကို နို့တစ်စာထုတ်ပြီး အခုလို ခြိမ်းခြောက်နေတာပါ။

NLD အစိုးရလက်ထက်က ၂၀၂၀ ခုနှစ်က မိုးစပါးချေးငွေ၊ ဆောင်းစပါးချေးငွေနဲ့ ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးဆပ်ရမယ်လို့ နို့တစ်စာထဲမှာ ပါရှိတယ်လို့ စာပို့ ခြိမ်းခြောက်ခံရသူတဦးက ပြောပါတယ်။

“အခုတောင်းတဲ့ ချေးငွေနဲ့ အတိုးငွေတွေကို စစ်ကောင်စီအစိုးရ ပြုတ်သွားပြီး ဘယ်အစိုးရတက်လာလာ ပေးဆပ်ရမယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောတယ်။ သတ်မှတ်ရက်မှာ ပြန်လည်မဆပ်နိုင်ရင် ဖမ်းပြီး ရဲစခန်းပို့မယ်လို့လည်း ပြောတယ်။”

ကျုံပျော်မြို့နယ်အတွင်း ကိုဗစ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအားလုံးက တောင်သူတွေကို စာပို့ခြိမ်းခြောက်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ စိုက်ဘဏ်မန်နေဂျာနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် တောင်သူလယ်သမားတွေ အခက်အခဲတွေနဲ့ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း စိုက်ဘဏ်ချေးငွေတွေ ပြန်မဆပ်နိုင်ရင် မြေယာလုပ်ပိုင်ခွင့် ပုံစံ ၇ ကို အပြီးသိမ်းမယ်လို့ ကျုံပျော် စိုက်ဘဏ်မန်နေဂျာ ဦးကြည်လွင်က တောင်သူတွေကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013