DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် PNA တပ်သားများအတွက် ညောင်ရွှေဒေသခံများ နေ့စဥ်ထမင်းထုပ်ပို့နေရ
DVB
·
February 7, 2024
စစ်ကောင်စီနှင့် PNA တပ်သားများအတွက် ညောင်ရွှေဒေသခံများ နေ့စဥ်ထမင်းထုပ်ပို့နေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသအရှေ့ခြမ်းနဲ့ စံကားဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားတွေအတွက် နေ့စဉ်ထမင်းထုပ် ပို့ပေးနေရတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ရွှေမြို့နယ်တောင်ပိုင်း လမ်းဆုံ မှော်ဘီအဝိုင်းပတ်နားက စစ်ဆေးရေးဂိတ်မှ တပ်သားတွေအတွက် ရွာသားတွေက အလှည့်ကျ တအိမ်တထုပ် ရက်တိုင်း ပို့ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

နောင်ဗိုကျေးရွာနေ အမျိုးသမီးက “နေ့တိုင်းထချက်ရတယ်၊ ပြီးတော့ တရွာလုံးစုပြီး သွားပို့ရတယ်။ အင်းတလျှောက်က ရွာတွေ အကုန်လုံး အလှည့်ကျနဲ့။ သူ့ရွာပြီးရင် ကိုယ့်ရွာဆိုတော့ အဆင်သင့်လုပ်ထားရတယ်၊ ထမင်းလည်းပိုချက်ရတယ်၊ နေ့တိုင်းဆိုတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ထမင်းထုပ် ပို့နေရတာ ၅ လခန့် ကြာမြင့်နေပြီဖြစ်တာကြောင့် ဒေသခံတွေ စားသောက်ရေး အခက်အခဲ ကြုံနေရတဲ့အပြင် စစ်သားတွေ အများအပြားရှိတဲ့အတွက် လုံခြုံရေးအရလည်း စိတ်ပူပန်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်၊ လက်အောက်ခံ PNAတပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထီရီး၊ တောင်ပို့ကွဲ၊ ရေပူ၊ ညောင်လေးပင် ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေက နေရာယူထားတာလို့ သိရပါတယ်။

“ကြာပြီကော၊ တိုက်ပွဲမဖြစ်ခင်ကတည်းက ကျမတို့ရွာထဲမှာ စစ်သားတွေဝင်လာပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ စကားသွားပြောပြီးကတည်းက ပို့ရတာ၊ သူတို့ကတောင်းဆိုတာပါလို့ ပြောတယ်။ လုံခြုံရေးအရ သူတို့လည်း ဒီဘက် ရောက်လာတော့ ဒီက ကျေးရွာတွေက ရပ်ရွာလုံခြုံရေး၊ အမျိုးသားရေးအတွက် တွေးပြီး လုပ်ပေးဖို့ ပြောတယ်။ ဆန်တွေ ပိုက်ဆံ တွေလည်း မတောင်းချင်ဘူး၊ ထမင်းထုပ်လောက်က အပန်းမကြီးဘူးဆိုပြီး ပို့ခိုင်းတာ အခုထိပဲ” လို့ စံကားရွာနေ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီး ဒေသခံတွေက ဆန်တအိတ်ပဲ သယ်ယူခွင့်ပြုပြီး တအိတ် ထက်ပိုရင် ကရင်နီပြည်ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလုပ်ပြီး ဆန်အိတ်တွေ သိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013