DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်းအနီးရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်များက ထမင်းထုပ်မပို့တော့
DVB
·
January 5, 2022
စစ်ကောင်စီတပ်စခန်းအနီးရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်များက ထမင်းထုပ်မပို့တော့
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ နေရာနဲ့အနီးမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက်  ထမင်းထုပ်တွေပို့တော့မှာမဟုတ်ဘူးလို့  အလှူရှင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် ပေးပို့လှူဒါန်းတဲ့  ထမင်းဟင်းတွေ စစ်ကောင်စီတပ်တွေထံရောက်ရှိ သွားတဲ့အတွက် စစ်ကောင်စီတပ်တွေကို အားပေးသလိုဖြစ်နေလို့ ထမင်းထုပ်ပို့တာကို ရပ်ဆိုင်းထားလိုက်ရတာလို့ အလှူရှင်တဦးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းစပ်မှာ  မှီခိုနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲဿက တချို့နေရာတွေဟာ စစ်ကောင်စီတပ်စခန်းနဲ့ အရမ်းနီးစပ်တဲ့အတွက် အလှူရှင်တချို့က ထမင်းထုပ်ပို့တာကို   ဇန်နဝါရီ ၆ ရက်မနက်ဖန်က စတင် ယာယီရပ်ထားမယ်လို့ ဆိုပါတယ်။

တပ်စခန်းနဲ့နီးလို့ အလှူရှင်က ထမင်းထုပ်မပို့ခဲ့ရင် စစ်ဘေးရှောင်တွေအနေနဲ့ စားရေး အခက်ခဲတွေနဲ့ရင်ဆိုင်နိုင်ရတာကြောင့်    စစ်ကောင်စီတပ်စခန်းနဲ့ ဝေးတဲ့နေရာမှာ ပြောင်းရွှေ့နေကြဖို့လည်း အလှူရှင်တွေက အကြံပြုတိုက်တွန်းပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်လောက်ကနေ ထိုးစစ်ဆင် ပြီး လေးကေ့ကော်ဒေသကို ထိန်းချုပ်ဖို့ အင်အားတိုးချဲ့လာနေတာဖြစ်ပါတယ်။

တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံရွာပေါင်း ၉ ရွာလောက်က ပြည်သူတွေ ၁၄၀၀၀ လောက် အိမ်ပြန်မနေဘဲ ထိုင်းနယ်စပ်နဲ့ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ရွာသားတွေ ချန်ရစ်ထားခဲ့ရတဲ့  နေအိမ်က အဖိုးတန်ပစ္စည်းတွေနဲ့ ဆိုင်ကယ်၊ စက်ဘီးတွေစတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ခိုးယူသွားတာနဲ့ ဖျက်ဆီးတာတွေ လည်းရှိနေပါတယ်။

လက်ရှိအချိန်မှာ နေရပ်ပြန်ဖို့အရေး အာမခံနိုင်တဲ့ အခြေအနေမရှိဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ ဖလူးကြီးကျေးရွာမှာ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က  စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်စ ထိမှန်ပြီး  ထိုင်းကနေ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် အမျိုးသမီးတယောက်  သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013