DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင်  ၁ လအတွင်း  ရိုဟင်ဂျာ  ၁၀၀ ကျော် ဖမ်းဆီးခံရ 
DVB
·
February 7, 2024
ဧရာဝတီတိုင်းတွင်  ၁ လအတွင်း  ရိုဟင်ဂျာ  ၁၀၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ဧရာဝတီတိုင်းမှာ ဇန်နဝါရီလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော်အထိ စစ်တပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ကုန်းလမ်းရေလမ်းတွေကနေတဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့  ရိုဟင်ဂျာ အမျိုးသား ၅၂ ယောက် ၊ အမျိုးသမီး ၃၁ ယောက်နဲ့  ကလေးငယ် ၁၈ ယောက် ဖမ်းဆီးခံရတာပါ။ 

ရိုဟင်ဂျာများအရေး ဆောင်ရွက်ပေးသူ တဦးက “ရိုဟင်ဂျာတွေက  ရန်ကုန်ကနေတဆင့် တဖက် မလေးရှားနိုင်ငံဘက်ကို သွားဖို့ ထွက်လာကြသူတွေလို့ ပြောတယ်။ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ကလာတဲ့သူတွေပါ။ ရခိုင်မှာက ဒေသမတည်ငြိမ်ဖြစ်နေတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း မကောင်းတာ။ အစာရေစာ ပြတ်လတ်နေတာ ၊ ခွဲခြားဆက်ဆံ ခံရတာတွေကြောင့် ထွက်လာတဲ့သူတွေပါ။လိုရာခရီးမရောက်ပဲ အဖမ်းခံရတာ''လို့ ပြောပါတယ်။ 

အရင်ကတော့ အခုလိုဖမ်းဆီးခံရတဲ့  ရိုဟင်ဂျာတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူလေ့ရှိပြီး လတ်တလော ဖမ်းထားတဲ့ ရိုဟင်ဂျာတွေကိုတော့ ဘယ်ပုဒ်မနဲ့မှ အရေးယူခြင်း မရှိသေးဘူးလို့ စစ်ကောင်စီတပ်နဲ့နီးစပ်တွေဆီက သိရပါတယ်။ 

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ''အရင်ကတော့ လဝက ဥပဒေနဲ့ အမှုဖွင့် ထောင်ချတာများတယ်။ ကလေးတွေကိုတော့ တွံ့တေးငှက်အော်စမ်းထိန်းသိမ်းရေးစခန်းကို ပို့တာ များတယ်။ အခုတော့ ရဲစခန်းတွေမှာပဲ ချုပ်ထားတာ''လို့ ပြောပါတယ်။ 

ဇန်နဝါရီလအတွင်း ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ငရုတ်ကောင်း၊ ဝါးခယ်မ၊ ဟင်္သာတစတဲ့ မြို့နယ်တွေကနေ အဲဒီ ရိုဟင်ဂျာ ၁၀၁ ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013