DVB Logo
Home
နိုင်ငံတကာ
အစ္စရေးကို ထောက်ပံ့မည့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် ပယ်ချ
DVB
·
February 7, 2024
အစ္စရေးကို ထောက်ပံ့မည့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် ပယ်ချ
Donate to DVB

အစ္စရေးကို အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ထောက်ပံ့မယ့် ရီပတ်ဘလီကန်တွေ ဦးဆောင်တဲ့ ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

ဒီမိုကရက်တွေဟာ ယူကရိန်းအတွက် အကူအညီ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေနဲ့ နယ်စပ်လုံခြုံရေးအတွက် ငွေကြေးအသစ်တွေ ပံ့ပိုးပေးမယ့် ပိုမိုကျယ်ပြန့်တဲ့ အတိုင်းအတာကို ဆန္ဒမဲပေးချင်တာလို့ ဆိုပါတယ်။ 

ဒီဥပဒေကြမ်းကို ရီပတ်ဘလစ်ကန်အမတ် ၁၄ ဦးက ကန့်ကွက်ခဲ့ပြီး ဒီမိုကရက်အမတ် ၄၆ ဦးက ထောက်ခံမဲပေးခဲ့ပါတယ်။

အတိုက်အခံ အများအပြားကတော့ အောက်လွှတ်တော် ဥပဒေပြုရေးဟာ ဒေါ်လာ ၁၁၈ ဘီလီယံတန် အထက်လွှတ်တော် ဥပဒေကြမ်းကို အတိုက်အခံတွေဆီကနေ အာရုံလွှဲဖို့ ရီပတ်ဘလီကန်တွေရဲ့ နိုင်ငံရေး အသုံးချမှုလို့ ခေါ်ဆိုကြပါတယ်။

ဥပဒေကြမ်းထဲမှာ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲခြင်းနဲ့ နယ်စပ် လုံခြုံရေးအတွက် ရန်ပုံငွေအသစ်အပြင် ယူကရိန်း၊ အစ္စရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသရှိ မိတ်ဖက်တွေအတွက် အရေးပေါ်အကူအညီ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပေါင်းစပ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

ရီပတ်ဘလစ်ကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က အထက်လွှတ်တော် ဥပဒေကြမ်းဟာ မိတ်မဆက်ခင်မှာပဲ အသက်မဝင်တော့ဘူးလို့ ပြောထားဖူးပါတယ်။ အထက်လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင်တွေက သူတို့ဟာ ဒီမဲခွဲမှုအတွက် လုံလောက်တဲ့ မဲအရေအတွက် ရလိမ့်မယ်လို့ မထင်ထားကြောင်း အင်္ဂါနေ့မှာ ပြောခဲ့ကြပါတယ်။ 

အထက်လွှတ်တော် ဥပဒေကြမ်းကို ထောက်ခံတဲ့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အောက်လွှတ်တော်ရဲ့ အစ္စရေး တနိုင်ငံတည်းအတွက်ပဲ ဆောင်ရွက်မှုဆိုရင် ဗီတိုအာဏာသုံး ပယ်ချမယ်လို့  ပြောထားတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013