DVB Logo
Home
နိုင်ငံတကာ
အစ္စရေးကိုသာ ကူညီမည့် ဥပဒေ ပြဋ္ဌာန်းပါက ဗီတိုဖြင့်ပယ်မည်ဟု သမ္မတဘိုင်ဒင် သတိပေး
DVB
·
February 6, 2024
အစ္စရေးကိုသာ ကူညီမည့် ဥပဒေ ပြဋ္ဌာန်းပါက ဗီတိုဖြင့်ပယ်မည်ဟု သမ္မတဘိုင်ဒင် သတိပေး
Donate to DVB

အစ္စရေးကိုသာ ကူညီပြီး ယူကရိန်းနဲ့ တခြားနိုင်ငံတွေကို ပေးအပ်မယ့် အကူအညီတွေကို ဖယ်ထုတ်ထားတဲ့ ဥပဒေကြမ်းမျိုးကိုသာ အောက်လွှတ်တော်က တင်ပြလာရင် ဗီတိုအာဏာသုံးပြီး ပယ်ချသွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၅ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်တွေကို ပေးအပ်မယ့် အကူအညီတွေပါ ပါဝင်တဲ့ နယ်ခြားလုံခြုံရေး ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ နှစ်ပါတီ ညှိနှိုင်းသဘောတူညီနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေကတော့ ပုံစံတူ သဘောမတူပေးဘဲ အစ္စရေးတနိုင်ငံတည်းသာ အကူအညီပေးမယ့် ဥပဒေအဖြစ် ပြင်ဆင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

နှစ်ဖက် အထက်လွှတ်တော်အမတ်တွေနဲ့ အစိုးရ လနဲ့ချီပြီး ညှိနှိုင်းခဲ့တဲ့ ဥပဒေကြမ်းဟာ နယ်စပ်အတွက် အာမခံချက်ပေးနိုင်သလို ယူကရိန်းနဲ့ ရုရှားပြည်သူတွေအတွက်ပါ အကူအညီတွေ ပေးနိုင်မှာဖြစ်တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်းက ပဋိပက္ခသက်ရောက်တဲ့ အရပ်သားတွေကိုပါ မဖြစ်မနေ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီဟာကို သဘောရိုး လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ အောက်လွှတ်တော်က အတ္တကြီးတဲ့ နိုင်ငံရေးကစားပွဲအဖြစ် ပြောင်းလဲပစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဒေါ်လာ ၁၁၈ ဒသမ ၂ ဘီလီယံ သုံးစွဲမယ့် အထက်လွှတ်တော် ဥပဒေကြမ်းမှာ နိုင်ငံတောင်ပိုင်း နယ်စပ်က တရားမဝင် ရွှေ့ပြောင်းတွေကို တင်းတင်းကျပ်ကျပ် ဟန့်တားနိုင်ဖို့ သမ္မတကို လုပ်ပိုင်ခွင့် တိုးပေးထားပါတယ်။ ဒါ့အပြင် အစ္စရေးနဲ့ ယူကရိန်းကိုလည်း ဒေါ်လာဘီလီယံချီ ပံ့ပိုးမှာဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နဲ့ ရီပတ်ဘလစ်ကန် အမတ်တချို့ကတော့ အစ္စရေးတနိုင်ငံတည်းကိုသာ ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံပေးဖို့ သဘောတူပေးချင်တဲ့ဆန္ဒ ရှိနေတာဖြစ်ပါတယ်။

Source/Photo-REUTERS/Joshua Roberts

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013