DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရန် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမေရိကန် ဗီတိုသုံး ပယ်ချ
DVB
·
February 21, 2024
ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရန် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမေရိကန် ဗီတိုသုံး ပယ်ချ
Donate to DVB

ဂါဇာကမ်းမြောင်မှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဖေဖော်ဝါရီ ၂၀ ရက်မှာ အမေရိကန်က ဗီတိုအာဏာသုံး ထပ်မံ ပယ်ချခဲ့ပါတယ်။

အဆိုတင်တဲ့ အယ်လ်ဂျီးယားနိုင်ငံရဲ့ ကုလသံအမတ်ကြီး အမ်မာဘန်ဒ်ဂျာမာက “ကိုယ့်လိပ်ပြာ ကိုယ်လုံသလား ဆန်းစစ်ကြည့်ပါ။ သမိုင်းက ခင်ဗျားတို့ကို စီရင်ချက်ချပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူတွေအတွက် အားကောင်းတဲ့ သတင်းစကားတခု ပေးနိုင်ခဲ့ပေမဲ့ အဆုံးမှာတော့ လုံခြုံရေးကောင်စီဟာ ထပ်မံအရေးနိမ့်ခဲ့ရပြန်ပြီလို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဒါဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီမှာ တင်တဲ့ ဆုံးဖြတ်ချက်တွေကို အမေရိကန်က တတိယအကြိမ်မြောက် ပယ်ချပြီး အစ္စရေးဘက်က ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစား ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့၊ ရာဖာကို အစ္စရေးက ထိုးစစ်မဆင်ဖို့တွေ ပါဝင်တဲ့ ယာယီအပစ်အခတ်ရပ်ဖို့ တောင်းဆိုထားတဲ့ နောက်ထပ် ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို အမေရိကန်က ပြန်တင်ဖို့ ကြိုးစားနေပါတယ်။

အခုတကြိမ် ဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းမဟုတ်တဲ့အဖွဲ့ဝင် အယ်လ်ဂျီးရီးယားက တင်ပြတာ ဖြစ်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၊ အမြဲတမ်းမဟုတ်တဲ့အဖွဲ့ဝင် ၁၀ နိုင်ငံ၊ စုစုပေါင်း ၁၅ နိုင်ငံမှာ ၁၃ နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါတယ်။ ဗြိတိန်ကတော့ မဲမပေးဘဲနေခဲ့ပြီး အမေရိကန်က ဗီတိုသုံးခဲ့ပါတယ်။

အမေရိကန်က အရင်တုန်းက “အပစ်အခတ်ရပ်စဲရေး” ဆိုတဲ့ စကားလုံးတောင် ရှောင်ခဲ့ပေမဲ့ အခုအခါမှာတော့ သုံးလာတာ တွေ့ရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်ဒ်က ဟားမတ်စ်နဲ့ အစ္စရေး ညှိနှိုင်းမှုတွေ လုပ်နေဆဲကာလမှာ ချက်ချင်းအပစ်ရပ်ဖို့ တောင်းဆိုဖို့ရာ အချိန်ကောင်း မဟုတ်သေးဘူးလို့ ပြောပါတယ်။

Source/Photo-REUTERS/Mike Segar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013