DVB Logo
Home
မြန်မာသတင်း
NUGPay ဖြင့် ငွေပေးငွေယူပြုလုပ်သည့်ပမာဏ သန်းပေါင်း ၁ သန်းရှိပြီ
DVB
·
February 5, 2024
NUGPay ဖြင့် ငွေပေးငွေယူပြုလုပ်သည့်ပမာဏ သန်းပေါင်း ၁ သန်းရှိပြီ
Donate to DVB

NUGPay ကို အသုံးပြုပြီး ငွေပေးငွေယူပြုလုပ်တဲ့ပမာဏ စုစုပေါင်းတန်ဖိုး ဘီလီယံ ၁,၀၀၀ (သန်းပေါင်း ၁ သန်း) ရှိခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ကြေညာပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ ဘီလီယံ ၁,၀၀၀ ပြည့်တာဖြစ်ပြီး ဒါဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို တွန်းကန်တော်လှန်တဲ့ ပြည်သူတွေကိုယ်တိုင် လည်ပတ်တဲ့ ပြည်သူ့ငွေကြေး စနစ်တခုရဲ့ မှတ်တိုင်တရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ငွေကြေးစနစ်တွေအပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးစနစ်တခုကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့တာဖြစ်ပါတယ်။

NUGPay စတင်ခဲ့ချိန်ကနေ အခုအထိ အခက်အခဲတွေကြုံရပေမဲ့ လက်တွဲမဖြုတ်ဘဲ အမြဲရှိနေပေးတဲ့ ဝန်းရံသူပြည်သူတွေနဲ့ သုံးစွဲသူ တော်လှန်ပြည်သူတွေကို အထူးကျေးဇူးတင်ပြီး ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းကတော့ စျေးကွက်ထဲမှာ လည်ပတ်နေတဲ့ DMMK ပမာဏဟာ ၂၈ ဘီလီယံ(သန်းပေါင်း ၂၈,၀၀၀) ရှိပြီး NUGPay ကို အသုံးပြုထားတဲ့ ငွေပေးငွေယူပမာဏဟာ ဘီလီယံ ၇၀၀ ကျော်ရှိပါတယ်။

လက်ရှိမှာတော့ NUGPay အသုံးပြုပြီး ဒစ်ဂျစ်တယ်မြန်မာကျပ်အပါအဝင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဗြိတိန်ပေါင်၊ ထိုင်းဘတ်၊ ကိုရီးယားဝမ် အစရှိတဲ့ နိုင်ငံတကာငွေကြေး ၁၄ မျိုးကို လဲလှယ်နိုင်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ Spring Development Bank ကိုလည်း ထူထောင်ထားပြီး အတိုးရတဲ့ ငွေစုစနစ်၊ ရွှေအပ်ပြီး အတိုးယူတာနဲ့ ရွှေဝယ်လို့ရတာ၊ ငွေကြေး ၁၀ မျိုးကို လဲလှယ်တာနဲ့ ငွေလွှဲပြောင်းတာ စတဲ့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013