Home
အားကစား
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ထိုင်းမွေထိုင်းမယ်ကို ပထမအချီတွင် အနိုင်ရ
DVB
·
February 5, 2024

ထိုင်းနိုင်ငံ၊ ဟွာဟင်ခရိုင်မှာ ဖေဖော်ဝါရီ ၄ ရက် မနေ့ညက ကျင်းပခဲ့တဲ့ ထိုင်းဖိုက် မွေ့ထိုင်းပွဲစဉ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းမွေ့ထိုင်းမယ် နွန်ဗျူးသာထပ်ဆူတင် ကို ပထမချီအတွင်းမှာပဲ အနိုင်ရရှိခဲ့ပါတယ်။

Thai Fight Rajabhakti Park မွေ့ထိုင်းပွဲမှာ စုစုပေါင်းတွဲဆိုင်း ၉ ဆိုင်းပါဝင်ပြီး ထိုင်းနိုင်ငံသား ‌မွေ့ထိုင်းဖိုက်တာတွေနဲ့ နိုင်ငံခြားသားဖိုက်တာတွေ ယှဉ်ပြိုင်ခဲ့ရာမှ ဘရော်နီကာဟာ တတိယမြောက်တွဲဆိုင်း ၅၄ ကီလိုတန်းမှာ ပါဝင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ဘရော်နီကာရဲ့ပြိုင်ဘက် အသက် ၂၂ အရွယ် မွေ့ထိုင်းမယ်  နွန်ဗျူးဟာ အရပ်အမြင့် ၁၆၈ စင်တီမီတာ၊ နိုင်ပွဲ ၄၈ ပွဲ၊ ရှုံးပွဲ ၁၀ ပွဲ၊ သရေ ၂ ပွဲအထိ အတွေ့အကြုံရှိပြီး  အသက် ၂၇နှစ်အရွယ် ဘရော်နီကာက အရပ်အမြင့် ၁၆၄ စင်တီမီတာ၊ ၂၅ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁၇ ပွဲ သရေရလဒ်ရှိထားကာ ထိုင်းဖိုက်ပွဲမှာ ၁၆ ပွဲဆက်တိုက် အနိုင်ရရှိထားသူ ဖြစ်ပါတယ်။

ဒီပွဲဆိုင်းမှာ ၅ မိနစ် ၃ ချီထိုးသတ်ရမှာဖြစ်ပြီး ပွဲစတာနဲ့ ဘရော်နီကာက ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ကိုသာ ဘယ်ညာဝိုက်လက်သီးနဲ့ အားပြုထိုးနှက်ခဲ့တာကြောင့် ပထမအချီ ၁ မိနစ် ၁၈ စက္ကန့်မှာ ထိုင်းမွေ့ထိုင်းမယ် လဲကျခဲ့ပြီး ပြန်လည် ထိုးသတ်ချိန် ၁ မိနစ် ၃၉ စက္ကန့်လောက်မှာ ဒိုင်ပွဲရပ်နဲ့ ဘရော်နီကာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုပွဲဆိုင်းပါ အနိုင်ရရှိသွားတာကြောင့် ဘရော်နီကာက ထိုင်းဖိုက်ပွဲစဉ်တွေမှာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိထားသူအဖြစ် မှတ်တမ်းဝင်နေခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာလက ထိုင်းဖိုက် မွေ့ထိုင်းချန်ပီယံခါးပတ်နဲ့ ထိုင်းဘုရင့်ဖလားပွဲမှာ ချန်ပီယံဆု ရရှိထားပါတယ်။

ဒီပွဲအနိုင်ရလို့ နာမည်ကြီး MMA ပွဲတခုဖြစ်တဲ့ One Championship မှာ လာရောက်ယှဉ်ပြိုင်ဖို့အတွက် ကယန်းလက်ဝှေ့မယ် ဘရော်နီကာကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Thai Fight

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024