DVB Logo
Home
နိုင်ငံတကာ
ဒီမိုကရက်တစ်သမ္မတလောင်း ပြည်နယ်အကြိုရွေးကောက်ပွဲတွင် ဘိုင်ဒင် အနိုင်ရ
DVB
·
February 4, 2024
ဒီမိုကရက်တစ်သမ္မတလောင်း ပြည်နယ်အကြိုရွေးကောက်ပွဲတွင် ဘိုင်ဒင် အနိုင်ရ
Donate to DVB

ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ တောင်ကာရိုးလိုင်းနားပြည်နယ် ဒီမိုကရက်တစ်သမ္မတလောင်း အကြိုရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

ဘိုင်ဒင်ကို ယှဉ်ဖို့ကြိုးစားတဲ့ ပြိုင်ဘက် ၂ ယောက် ရှိခဲ့ပေမဲ့ အကြိတ်အနယ်မရှိခဲ့တဲ့ ပြိုင်ပွဲမှာ မဲလာပေးသူ နည်းပါးခဲ့ပါတယ်။ မဲ ၁၂၀,၀၀၀ ကျော် လာပေးတဲ့အထဲမှာ ဘိုင်ဒင်က ၁၁၆,၀၀၀ ကျော် ရတာဖြစ်တဲ့အတွက် မဲ ၉၆ ရာခိုင်နှုန်းကျော်နဲ့ နိုင်တာ ဖြစ်ပါတယ်။

ပြိုင်ဘက် အောက်လွှတ်တော်အမတ် ဒင်းဖိလစ်နဲ့ တက်ကျမ်း စာရေးဆရာမ မာရီယန်ဝီလျံဆင် တို့ကတော့ အိမ်ဖြည့်သဘောသာ ရှိနေပါတယ်။ ဒီမိုကရက်ပါတီ တာဝန်ရှိသူတွေက မဲလာပေးသူ ၂ သိန်းလောက်ရှိမယ် မှန်းပေမဲ့ ၁ သိန်းကျော်သာ လာခဲ့တာကိုကြည့်ရင် ပါတီ ထောက်ခံသူတွေကြားမှာ  စိတ်ဝင်စားမှုနည်းတယ်ဆိုတာ ထင်ရှားနေပါတယ်။ 

၂၀၂၀ အကြိုရွေးကောက်ပွဲတုန်းကတော့ တောင်ကာရိုလိုင်းနားဟာ အကြိတ်အနယ်ရှိဆုံးနေရာ ဖြစ်ခဲ့ပြီး ၇ ဦး ပြိုင်ခဲ့တဲ့ပွဲမှာ မဲလာပေးသူ ၅ သိန်းကျော်ရှိခဲ့ပြီး ဘိုင်ဒင်က ထက်ဝက်နီးပါးရပြီး နိုင်ခဲ့တာပါ။ 

ပထမဆုံး ဒီမိုကရက်တစ်ပါတီ အကြိုရွေးကောက်ပွဲအဖြစ် ပြီးခဲ့တဲ့လက နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်မှာ စကျင်းပခဲ့ရာမှာလည်း ဘိုင်ဒင်ပဲ မဲ ၆၄ ရာခိုင်နှုန်းနဲ့ နိုင်ထားပါတယ်။ 

နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် ပါတီတာဝန်ရှိသူတွေဟာ ပါတီဗဟိုရဲ့ သဘောတူညီချက် မရဘဲ အရင်ဆုံး ကျင်းပခဲ့တာကြောင့် ဘိုင်ဒင်က တရားဝင် ဝင်မပြိုင်ခဲ့ပါဘူး။  ဒါပေမဲ့ လက်ရေးနဲ့ နာမည်ဖြည့်လို့ရတဲ့ စနစ်အရ ဘိုင်ဒင်နာမည်စာရင်းမှာ မပါပေမဲ့ ရေးဖြည့်နိုင်တာကြောင့် မဲ ၆၄ ရာခိုင်နှုန်းရခဲ့ပါတယ်။ 

ဒါကြောင့် လက်ရှိအချိန်မှာ ဒီမိုကရက်တစ်ပါတီ အကြိုရွေးကောက်ပွဲကို ၂ ပြည်နယ် လုပ်ထားပြီး နှစ်ပြည်နယ်စလုံးမှာ ဘိုင်ဒင်က အနိုင်ရထားသလို ရီပတ်ဘလီကန်ပါတီ အကြိုရွေးကောက်ပွဲလည်း ၂ ပြည်နယ် ကျင်းပပြီးကာ နှစ်ပြည်နယ်စလုံးမှာ ဒေါ်နယ်ထရမ့်ပဲ အနိုင်ရရှိထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013