DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရန် အမ်ဘာပေ ဆုံးဖြတ်
DVB
·
February 4, 2024
ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရန် အမ်ဘာပေ ဆုံးဖြတ်
Donate to DVB

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ လာမယ့်ရာသီမှာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပဲရစ်အခြေစိုက် သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၂၅ နှစ်ရှိ ပြင်သစ် အသင်းခေါင်းဆောင်ဟာ မိခင်ကလပ်ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမဲ့ လာမယ့် နွေရာသီမှာ မက်ဒရစ်ကလပ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဘက်ကတော့ အမ်ဘာပေကို ပြောင်းရွှေ့ကြေးမရဘဲ လက်လွှတ်လိုက်ရဖို့ စိတ်ပူနေပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးသွားဖို့ ကြိုးပမ်းနေပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို ၂၀၁၈ ခုနှစ်က ပေါင် ၁၅၃ သန်းနဲ့ မိုနာကိုအသင်းဆီကနေ ဝယ်ယူခဲ့တာပါ။

အမ်ဘာပေအနေနဲ့လည်း ပီအက်စ်ဂျီနဲ့ စာချုပ်တစ်နှစ် ချုပ်ဆိုပြီး မိခင်ကလပ်ကို ပြောင်းရွှေ့ကြေးပြန်ပေးနိုင်ဖို့ အတွက် လက်ခံသွားဖို့ရှိပါတယ်။

မနှစ်တုန်းက အမ်ဘာပေအတွက် မက်ဒရစ်ကလပ်က ပေါင် ၁၀၃ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ ပီအက်စ်ဂျီ ဘက်က ပေါင် ၂၁၃ သန်းအလိုရှိတာကြောင့် အဆင်မပြေ ဖြစ်ခဲ့တာလို့သိရပါတယ်။

Photo - REUTERS/Christian Hartmann

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013