DVB Logo
Home
မြန်မာသတင်း
မုပ္ပလင်တွင် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ဝန်ထမ်း ၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
February 2, 2024
မုပ္ပလင်တွင် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ဝန်ထမ်း ၁ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှာရှိတဲ့ ပစ်တိုင်းထောင် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်း အမျိုးသားတဦးတို့ကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုပ္ပလင်လမ်းဆုံ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးမှာ ဖွင့်ထားတဲ့ ပစ်တိုင်းထောင် ထမင်းဆိုင်နဲ့ ကားဂိတ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ္စည်းတွေ လက်ခံပို့ပေးတယ်လို့ အကြောင်းပြချက်နဲ့ ပိုင်ရှင်အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်းတဦးတို့ကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် မနက် ၈ နာရီလောက်မှာ ဖမ်းဆီးခဲ့ပါတယ်။

ကျိုက်ထိုဒေသခံတဦးက “ဝေါစစ်ဆေးရေးဂိတ်မှာ စစ်တပ်ကဖမ်းခဲ့တဲ့ လက်နက်တွေနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်တာပါ။ ပစ်တိုင်းထောင်က ထမင်းဆိုင်ကြီးကို ကားဂိတ်‌ပါ တွဲဖွင့်ထားထားပါ။ ရွာဘက်ဆိုတော့ ကားဂိတ်သီးသန့်မရှိတော့ ခရီးသည်တွေကို ကားလိုင်းပေါင်းစုံနဲ့ တင်ပေးတာပေါ့။ ပါဆယ်တွေလည်း လက်ခံတယ်။ အဲ့နားကသူတွေ ပြောတာတော့ အရင်တည်းက ပကဖတွေရဲ့ပစ္စည်း ပို့ပေးတယ်ဆိုပြီး စစ်တပ်က စောင့်ကြည့်နေတာ။ အခုမှ ဝေါကိစ္စနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းလိုက်တာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပစ်တိုင်းထောင်ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်းတဦးတို့ကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဝေါစစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က နနွင်းအိတ်နဲ့ ဝှက်သယ်လာတဲ့ သေနတ် ၄ လက်၊ ကျည်အိမ် ၅ ခုနဲ့ ကျည်အတောင့် ၂,၉၀၀ နဲ့အတူ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013