DVB Logo
Home
နိုင်ငံတကာ
နစ်ကီဟေလီက ပြိုင်ဘက် ထရမ့်နှင့် ဘိုင်ဒင်တို့ကို “ကကျီကကြောင် အဘိုးကြီးများ”ဟု ဝေဖန်
DVB
·
February 2, 2024
နစ်ကီဟေလီက ပြိုင်ဘက် ထရမ့်နှင့် ဘိုင်ဒင်တို့ကို “ကကျီကကြောင် အဘိုးကြီးများ”ဟု ဝေဖန်
Donate to DVB

ရီပတ်ဘလစ်ကန်သမ္မတလောင်း ရွေးကောက်ပွဲမှာ ဆက်ရှင်ကျန်ဖို့အတွက် တိုက်ပွဲဝင်နေရတဲ့ နစ်ကီဟေလီက ပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ လက်ရှိ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင် တို့ကို “ကကျီကကြောင် အဘိုးကြီးများ” အဖြစ် ပုံဖော်တိုက်ခိုက်လိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ အကောင်းဆုံးအချိန်တွေကို လွန်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ သမ္မတရွေးကောက်ပွဲ မကျေပွဲအဖြစ် ၈၀ တန်း အဘိုးကြီးနှစ်ယောက် ပြန်တွေ့မှာကို လက်ခံနိုင်ကြရဲ့လားလို့ ဟေလီက မေးခွန်းထုတ်ထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် ဟေလီက အသက် ၇၅ နှစ်အထက်ရှိတဲ့သူတွေ နိုင်ငံရေးရာထူးပြိုင်မယ်ဆိုရင် လုပ်ကိုင်နိုင်စွမ်းရှိ၊ မရှိ စစ်ဆေးသင့်တယ်လို့ ဝေဖန်ပါတယ်။

ရွေးကောက်ပွဲကျင်းပချိန် နိုဝင်ဘာရောက်ရင် သမ္မတဘိုင်ဒင်ကလည်း အသက် ၈၁ နှစ်၊ ထရမ့်ကလည်း ၇၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

သူ့ကို အောက်လွှတ်တော်အမတ် နန်စီပယ်လိုစီနဲ့ မှားမှားပြောတာကိုကြည့်ရင် ထရမ့်ရဲ့ အမှတ်သညာက တော်တော်ကျဆင်းလာပြီဆိုတာ တွေ့နိုင်မှာဖြစ်တယ်လို့ ဟေလီက ဝေဖန်ပါတယ်။

ဟေလီရဲ့ မဲဆွယ်လှုပ်ရှားမှုသစ်ကို ၁၉၉၃ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ဟာသဇာတ်မြူး Grumpy Old Men (ကကျီကကြောင် အဘိုးကြီးများ) ကို အခြေခံ ပုံဖော်ထားတာ ဖြစ်ပါတယ်။

အွန်လိုင်း၊ ဒစ်ဂျစ်တယ်ကြော်ငြာနဲ့ အီးမေးလ်တွေကတဆင့် မဲဆွယ်မယ့် ဗီဒီယိုစီးရီးကို “တုန်ချိချိသက်ကြီးဝါကြီးများ”၊ “စကားစစ်ထိုးပွဲရှောင်ကြသူများ” စတဲ့ နာမည်တွေ ပေးထားပါတယ်။

ထရမ့်ရော ဘိုင်ဒင်ပါ သမ္မတလောင်းအကြို ရွေးကောက်ပွဲကာလ စကားစစ်ထိုးပွဲတွေမှာ မပါဝင်ခဲ့ကြပါဘူး။

“ရီပတ်ဘလစ်ကန် ၅၀ ရာခိုင်နှုန်းကရော၊ အမေရိကန်ပြည်သူ ၇၀ ရာခိုင်နှုန်းကပါ ကျနော်တို့နိုင်ငံက ‌ချောက်နှုတ်ခမ်းရောက်နေပြီး ကမ္ဘာကြီးက မီးလောင်နေချိန်မှာ ကကျီကကြောင် (ဂဂျီဂဂျောင်) အဘိုးကြီးများ ဇာတ်လမ်းကို ပြန်မကြည့်ချင်ကြပါဘူး။ ဝမ်းနည်းစရာ ကောင်းတာက ကကျီကကြောင်အဘိုးကြီး ဗားရှင်းအသစ်က စိတ်အပန်းပြေစရာလည်း မကောင်းပါဘူး” လို့ ဟေလီရဲ့ မဲဆွယ်ကမ်ပိန်း ပြောခွင့်ရပုဂ္ဂိုလ် အိုလီဗီယာ ပီရက်ဇ်-ကူဘတ်စ်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013