DVB Logo
Home
မြန်မာသတင်း
ချင်းပြည် Chinland အစိုးရဖွဲ့စည်းကြောင်း ကြေညာ
DVB
·
February 2, 2024
ချင်းပြည် Chinland အစိုးရဖွဲ့စည်းကြောင်း ကြေညာ
Donate to DVB

ချင်းပြည် Chinland အစိုးရအဖွဲ့ကို  ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ချင်းပြည် Chinland ကောင်စီက ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ချင်းပြည် (Chingland) ကောင်စီညီလာခံရဲ့ ပထမသက်တမ်း ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ကနေ ၃၁ ရက်အထိ ချင်းလုံမြို့မှာ ကျင်းပအပြီး အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

Chinland ကောင်စီကနေပြီးမှ ဖွဲ့စည်းလိုက်တဲ့ မဏ္ဍိုကြီး ၃ ရပ်ဖြစ်တဲ့  ချင်းပြည် Chinland အစိုးရအဖွဲ၊ ချင်းပြည် Chinland တရားလွှတ်တော်ချုပ်နဲ့ ချင်းပြည် Chinland လွှတ်တော်ဆိုပြီး မဏ္ဍို ၃ ရပ်ကို ဖွဲ့စည်းတည်ထောင်တာဖြစ်ပါတယ်။ ဝန်ကြီးဌာန ၁၄ ခုနဲ့ ဝန်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့ကို ၁၅ ဦး၊ တရားသူကြီး ၁ ဦးနဲ့ ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။

ချင်းပြည် Chinland ကောင်စီအတွင်းရေးမှူး စလိုင်းပေါလ် (Salai Paul) က “အဓိက အားဖြင့်တော တော်လှန်ရေးကာလမှာ ချင်းပြည် Chinland ကောင်စီအတွင်းမှာရှိတဲ့ ချင်းပြည်သူလူထုတွေအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ ဝန်ကြီးဌာနတွေကို ဦးစားပေးပြီးတော့မှ အစိုးရအလုပ်နဲ့ တူအောင် ပြည်သူလူထုအတွက်လည်းတော်လှန်ရေးကာလမှ ခက်ခဲကျပ်တည်းတာကို ဝိုင်းပြီးတော့မှ ပြည်သူလူထုနဲ့အတူတူ ဖြေရှင်းလို့ရအောင် ရည်ရွယ်ချက်ထားပြီးတော့မှ ဖွဲ့စည်းတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည် Chinland တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးမှာ ချင်းအမျိုးသားပိုင်နက်နယ်မြေနဲ့ ချင်းအမျိုးသားတရပ်လုံးကို ကာကွယ်စောင်ရှောက်နိုင်ရေး၊ စစ်ရေးမှာအရည်အချင်းပြည့်မီပြီး အင်အားတောင့်တင်တဲ့ အမျိုးသားတပ်မတော် တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားလှုပ်ရှားမှုမှာ ချင်းပြည်သူတရပ်လုံးလက်တွဲ ပူးပေါင်းပါဝင်ပြီး ချင်းပြည် Chinland ဖွဲ့စည်းပုံအခြေခံ ဥပဒေတိုင်း အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့  ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမှာ စစ်ရေးနဲ့ နိုင်ငံ‌ရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ပြီး ညီနောင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အစိုးရများ၊ နိုင်ငံတရး ပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနဲ့ လက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။

ချင်းပြည် Chinland ကောင်စီအတွင်းရေးမှူး စလိုင်းပေါလ်က “ကျနော်တို့ ချင်းပြည် Chinland ကောင်စီက မြို့နယ် တခုတည်းကိုပဲ ခြုံပြီးတော့ သွားတာမျိုး မဟုတ်ဘူး၊ မြို့နယ်၊ ဒေသ၊ အသီးသီးကို လွှမ်းခြုံနိုင်ဖို့အတွက်ကို သွားတာဖြစ်တယ်။ ရိုးရိုးရှင်းရှင်း ပြောမယ်ဆိုရင် ချင်းပြည် Chinland ကောင်စီမှာပါဝင်တဲ့ မြို့နယ် ဒေသအားလုံးအတွက် ဒေသအသီးသီးမှာရှိနေတဲ့ ပြည်သူလူထုအတွက်လွှမ်းခြုံပါတယ်။ ဥပမာ မြို့နယ်အနေနဲ့ ပါလာတာရှိတာကတော့ မတူပီ၊ ပလက်ဝ၊ ဟားခါး၊ ထန်တလန်၊ တွန်းဇံရှိတယ်။ လက်ဆက်ပြီးမှ ပါဝင်လာနိုင်ရေးလည်း ကြိုးစားနေတယ်။ ဒေသအနေနဲ့ ဒေသ ၈ ခုလောက်က ပါဝင်လာတယ်”လို့ ပြောပါတယ်။

ချင်းပြည် Chinlandကောင်စီအစိုးရအဖွဲ့  ဝန်ကြီးချုပ်အဖြစ် PU Pa Thang ကိုရွေးချယ်ထားပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် Dr. Sui Khar၊ ကာကွယ်ရေးဝန်ကြီးအဖြစ် Pu Thawng Za Liam တို့ ပါဝင် ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013