DVB Logo
Home
အားကစား
မန်ယူကစားသမားဟောင်း လင်ဂတ် တောင်ကိုရီးယားကလပ်ဆီပြောင်းရန် နီးစပ်
DVB
·
February 2, 2024
မန်ယူကစားသမားဟောင်း လင်ဂတ် တောင်ကိုရီးယားကလပ်ဆီပြောင်းရန် နီးစပ်
Donate to DVB

အင်္ဂလန်နဲ့ မန်ယူတိုက်စစ်ကစားသမားဟောင်း ဂျက်စီလင်ဂတ်ဟာ တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

ကေလိဂ်ထိပ်သီးကလပ်တသင်းဖြစ်တဲ့ အက်ဖ်စီဆိုးလ်အသင်းဟာ လင်ဂတ်ကို ၂ နှစ်စာချုပ်နဲ့အတူ မက်မောစရာ လစာငွေနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

လင်ဂတ်ဘက်က နှုတ်အားဖြင့် သဘောတူထားကြောင်း စကိုင်းစပေါ့ သတင်းမှာ ဖော်ပြပါတယ်။  အသက် ၃၁ နှစ်ရှိ တိုက်စစ်ကစားသမားဟာ မနှစ်က နော်တင်ဟမ်ဖောရက်စ်မှာ နောက်ဆုံး ကစားခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

အသင်းဟောင်း ဝက်စ်ဟမ်းမှာ သွားရောက်လေ့ ကျင့်ခဲ့သလို ဆော်ဒီကလပ် အယ်လ်အစ်တီဖက်မှာလည်း လေ့ကျင့်ခန်းဆင်းခဲ့ပါသေးတယ်။

လင်ဂတ် အနေနဲ့ FC ဆိုးလ်အသင်းဆီပြောင်းရွှေ့မလားဆိုတာ ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်သွားဖို့ ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013