DVB Logo
Home
နိုင်ငံတကာ
ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်နိုင်မည့် Hotline ထားရန် အတိုက်အခံခေါင်းဆောင် တိုက်တွန်း
DVB
·
January 31, 2024
ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်နိုင်မည့် Hotline ထားရန် အတိုက်အခံခေါင်းဆောင် တိုက်တွန်း
Donate to DVB

ကိုရီးယားနိုင်ငံအချင်းချင်း အရေးပေါ် ဆက်သွယ်ခေါ်ဆိုနိုင်တဲ့ Hotline တွေ ပြန်လည်ထားရှိဖို့ တောင်ကိုရီးယားရဲ့ အဓိက အတိုက်အခံပါတီခေါင်းဆောင် အီဂျယ်မြောင်က ဇန်နဝါရီ ၃၁ ရက်မှာ အစိုးရကို တောင်းဆိုပါတယ်။

အဲဒီ အရေးပေါ် Hotline တွေကို တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုး တက်လာတဲ့ ၂၀၂၂ ခုနှစ်ကတည်းက မြောက်ကိုရီးယားက တုံ့ပြန်ခြင်း မရှိသေးပါဘူး။

“ဒီအစိုးရအနေနဲ့ မတော်တဆ ထိပ်တိုက်ရင်ဆိုင်မှုတွေကနေ အရှိန်မြင့်ပြီး တကယ့်အကြီးစား ပဋိပက္ခ ဖြစ်မသွားရအောင် တားဆီးဖို့ ကြိုးစားရမယ်” လို့ အီဂျယ်မြောင်က ပြောပါတယ်။

သမ္မတယွန်းရဲ့ သဘောထားတင်းမာတဲ့ မြောက်ကိုရီးယားမူဝါဒကို ပြစ်တင်ဝေဖန်ခဲ့တဲ့ အီဂျယ်မြောင်က နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြီးတော့ နယ်စပ်အနီးမှာ လက်နက်ကိုင်တိုက်ပွဲ ဖြစ်လာနိုင်ခြေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူဟာ မြောက်ကိုရီးယားကိုလည်း တွေ့ဆုံဆွေးနွေးပွဲအတွက် ထွက်လာဖို့လည်း တိုက်တွန်းခဲ့ပြီး ‘နျူကလီးယားစစ်ပွဲရဲ့ ခြိမ်းခြောက်မှု’ ကို သတိပေးခဲ့ပါတယ်။

ကင်မ်ဂျုံအန်း အစိုးရရဲ့ နျူးကလီးယားစစ်ပွဲက တောင်ကိုရီးယားကို ခြိမ်းခြောက်မှုဟာ ကိုရီးယားပြည်သူတရပ်လုံးရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ဆန္ဒကို သစ္စာဖောက်ရုံသာမကဘဲ လူတွေကို ပျက်စီးခြင်းဆီ ဦးတည်နေတာကြောင့် မြောက်ကိုရီးယားအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို တတ်နိုင်သမျှ အမြန်ဆုံးစတင်ဖို့ လိုပါတယ်လို့လည်း အီဂျယ်မြောင်က ပြောသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013