DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်လယ်သမားများက ပါရီမြို့အဝင် အဓိကလမ်းမကြီးများကို ပိတ်ဆို့ဆန္ဒပြ
DVB
·
January 30, 2024
ပြင်သစ်လယ်သမားများက ပါရီမြို့အဝင် အဓိကလမ်းမကြီးများကို ပိတ်ဆို့ဆန္ဒပြ
Donate to DVB

“ပါရီကိုဝိုင်းရံခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သိန်းနဲ့ချီတဲ့ ပြင်သစ်လယ်သမားတွေဟာ ဇန်နဝါရီ ၂၉ ရက်နေ့မှာ မြို့တော်အဝင် အဓိကအမြန်လမ်းမကြီးတွေကို ထွန်စက်တွေနဲ့ ပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။

ဝင်ငွေကျဆင်းလာတာ၊ ငွေကြေးဖောင်းပွတာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်တာ၊ အစိုးရရုံးလုပ်ငန်းပိုင်း ကြိုးနီစနစ်တွေ များလာတာ၊ ပြည်ပက စျေးချိုတဲ့ကုန်စည်တွေ တင်သွင်းတာတွေကြောင့် စားဝတ်နေရေး ခက်ခဲလာနေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

လယ်ထွန်စက်တွေ မြို့တော်နဲ့ တခြားမြို့ကြီးတွေထဲ ဝင်လာမှာကို ဟန့်တားဖို့ ရဲတပ်ဖွဲ့ဝင် ၁၅,၀၀၀ ဖြန့်ကြက်ထားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာ တခြားဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ သိန်းချီတဲ့ လယ်သမားတွေဟာ ပါရီကိုအဝင် အမြန်လမ်းမကြီးတွေကို ပိတ်ဆို့ဖို့ စီစဉ်နေကြချိန်မှာပဲ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့မှာလည်း အလားတူ ဆန္ဒပြတွေ ဖြစ်ပွားနေပါတယ်။

အဓိကလမ်းမကြီးတွေပဲ ပိတ်ဖို့ကြိုးစားနေကြတာဖြစ်ပြီး တခြားလမ်းတွေကိုတော့ ပိတ်ဆို့မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဝင်မစွက်တဲ့အတွက် အေးအေးချမ်းချမ်း ဖြစ်နေပါတယ်။

စိုက်ပျိုးရေးအလုပ်သမားများသမဂ္ဂများ နိုင်ငံလုံးဆိုင်ရာ အသင်းချုပ်ကြီးရဲ့ ဥက္ကဋ္ဌ အာနိုးရူးဆိုး ကတော့ အစိုးရအနေနဲ့ အရေးပေါ်အစီအမံတွေ ချမှတ်ပြီး လယ်သမားတွေကို ကူညီပေးဖို့ တောင်းဆိုရတာလို့ ဆိုပါတယ်။

ပြင်သစ်အစိုးရကလည်း ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တဲ့ အစီအစဉ်တွေအပြင် ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ နောက်ထပ်အစီအစဉ်သစ်တွေ ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters/Stephanie Lecocq

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013