DVB Logo
Home
မြန်မာသတင်း
စစ်တွေ-ရန်ကုန် လေယာဥ်လက်မှတ် မှောင်ခိုစျေး ကျပ် ၁၂ သိန်းအထိ မြင့်တက်
DVB
·
January 29, 2024
စစ်တွေ-ရန်ကုန် လေယာဥ်လက်မှတ် မှောင်ခိုစျေး ကျပ် ၁၂ သိန်းအထိ မြင့်တက်
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရန်ကုန်-စစ်တွေ လေယာဥ်လက်မှတ် မှောင်ခိုဈေးကွက်မှာ လက်မှတ်တစောင်ကို ငွေကျပ် ၁၂ သိန်းအထိ ပေါက်စျေးရှိလာ​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင့်တပ်တော်(အေအေ) က စစ်တွေမြို့ကို တိုက်ခိုက်သိမ်းပိုက်မှာဖြစ်ကြောင်း သတင်းတွေ ထွက်ရှိလာပြီးနောက်ပိုင်း အခုလ ဒုတိယပတ်လောက်ကစပြီး စစ်တွေလေဆိပ်မှာ လတ်မှတ်ဝယ်ယူသူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတဦးက​ ဒီဗွီဘီကို ပြောပါတယ်။

“အေအေက စစ်တွေမြို့ကို ပြန်သိမ်းမယ်ဆိုပြီး သတင်းတွေ ထွက်လာကတည်းက လေဆိပ်မှာ နေ့တိုင်းလိုပဲ လူတွေက ပြည့်နေတယ်။ မနက် ၄ နာရီလောက်တည်းက တန်းစီပြီး အလုအယက် ဝယ်နေရတာ။ ပုံမှန်စျေးက ၁၉၀,၀၀၀ ပါ။ မနေ့ကသွားပြီး လက်မှတ်ဝယ်တာ လက်မှတ်က မရတော့ဘူး။ ဧပြီလ ၂၀ ရက်နေ့ထိပဲ ရှိတော့မယ်လို့ လေဆိပ်က ပြောတယ်။”

စစ်တွေ-ရန်ကုန် လက်ရှိ လေယာဥ်လက်မှတ်စျေးနှုန်းမှာ မြန်မာ့အမျိုးသား လေကြောင်းလိုင်း (MNA) မှာ ငွေကျပ် ၁၉၀,၀၀၀ ရှိပြီး မှောင်ခိုဈေးကွက်မှာ ငွေကျပ် ၁,၂၀၀,၀၀၀ ထိရှိကာ လက်မှတ်လိုချင်သူတွေအနေနဲ့ လေယာဥ်လက်မှတ်ရဖို့ အချိန် ၅ ရက်မှ ၇ ရက်ထိ စောင့်ဆိုင်းပြီး ဝယ်ယူနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် မြေပြင်အခြေအနေအရ ကားလမ်းနဲ့ ခရီးသွားရာမှာ စစ်ကောင်စီက စစ်ဆေးမှုတွေ များနေတဲ့အတွက် အခုလပိုင်းအတွင်း လေယာဥ်နဲ့ ခရီးသွားသူ များလာကြောင်း စစ်တွေရှိ လေယာဥ်လက်မှတ် အရောင်းဌာနတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုရက်ပိုင်း တိုက်ပွဲဖြစ်မယ်ဆိုတဲ့ အသံလေး ကြားထားကြလို့ တအားသွားကြတယ်။ လေယာဥ်လက်မှတ်တွေက ဧပြီလလောက်မှပဲ ဝယ်လို့ရပါမယ်။ မှောင်ခိုပြန်ရောင်းနေကြတယ် ဆိုတာတော့ မသိပါဘူး။”

စစ်တွေမြို့မှ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေမှာ စစ်တွေ-ရန်ကုန်၊ စစ်တွေ-မန္တလေး၊ ရန်ကုန်-အမ်း-စစ်တွေ၊ စစ်တွေ-နေပြည်တော်၊ စစ်တွေ-သံတွဲ၊ စစ်တွေ-ကျောက်ဖြူ ခရီးစဉ်တို့ ဖြစ်ပြီး စစ်တွေမြို့ကို တနေ့ ၃ ကြိမ်မှ ၅ ကြိမ်အထိ ပျံသန်းနေကြောင်း သိရပါတယ်။

လေကြောင်းလိုင်းတွေအနေနဲ့ အရင်ကတည်းက ရခိုင်ခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်တွေကို တခြားဒေသတွေထက် ဈေးမြှင့်ရောင်းချမှုရှိသလို အခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့ အခြေအနေမျိုးမှာ ပိုပြီးဆိုးရွားလာကြောင်း ဒေသခံတွေအကြား ​ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013