DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် ဧည့်စာရင်းတိုင်ခ အဆမတန် တောင်းယူနေ
DVB
·
January 28, 2024
မော်လမြိုင်ကျွန်းတွင် ဧည့်စာရင်းတိုင်ခ အဆမတန် တောင်းယူနေ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းတိုင်ရာမှာ ငွေအဆမတန် တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်က ဧည့်စာရင်းတိုင်ခအနေနဲ့ လူတယောက်ကိုငွေ ၂၅ ကျပ်ကနေ ကျပ် ၅၀ အထိပဲပေးရပေမဲ့ အခုအခါ ငွေကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးနေရပြီး ဧည့်စာရင်းလာနိုင်ပြီး တောင်းတဲ့ငွေပမာဏအတိုင်း မပေးတဲ့သူတွေကို အဖမ်းခံရမယ်လို့ အုပ်ချုပ်ရေးမှူးတွေရဲ့ ခြိမ်းခြောက်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကိုယ်တွေ့ကြုံရတဲ့ ဒေသခံတယောက်က “အိမ်ကို ဧည့်သည်လာရင် မဖြစ်မနေ ဧည့်စာရင်း တိုင်ရမယ်လို့ သူတို့ပဲပြောထားတာ။ သွားတိုင်တော့ ပိုက်ဆံတန်းတောင်း တာပဲ။ အရင်က စာရွက်စာတမ်းဖိုး ၅၀၀၊ ၁,၀၀၀ လောက် ပေးရတာ။ အခု သူဌေးဖြစ် အတောင်းကြမ်းနေတာ။ မော်လမြိုင်ကျွန်းဘက်က စကစ လက်ပါးစေအကောင်တွေက ပြည်သူတွေဆီကနေ ပြည်သူပိုင်တဲ့ ပစ္စည်ဥစ္စာတွေကို နည်းလမ်းပေါင်းစုံနဲ့ ခွင်ဆင် ငွေညှစ်နေတာ။ အရင်လို အထက်အဆင့်ဆင့်ကလည်း အရေးယူတာမရှိဘူးလေ။ အဲတော့ လုပ်ချင်တိုင်းလုပ်နေတာပေါ့။ နီးရာဓား ကြောက်နေရတော့ ပေးရတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ဧည့်စာရင်းဥပဒေကို အသက်ပြန်သွင်းပြီး ပြည်သူတွေကိုနည်းလမ်းပေါင်းစုံနဲ့ ငွေကြေးတောင်းခံတာတွေလုပ်လာပြီး ဧည့်စာရင်း တိုင်ကြားရာမှာလည်း ငွေပေးမှ အဆင်ပြေပြေလုပ်ပေးတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “အရင်ကထက် အဆမတန်ကို ပေးနေရတာ။ အခုလူ ၁ ယောက်အတွက် အနည်းဆုံးငွေ ၁၅,၀၀၀ အထိ ပေးနေရတယ်။ ဧည့်သည် ၃ ယောက်လောက်အတွက်ဆို ၅၀,၀၀၀ နီးပါးလောက် ကုန်သွားပြီ။ အာဏာမသိမ်းခင် ဧည့်စာရင်းတိုင်ရတဲ့ ဥပဒေ မပယ်ဖျက်ခင် အချိန်က အခုဒီလောက်မပေးခဲ့ရပါဘူး။ အခုတော့ ဟိုနေ့က ဧည့်စာရင်းတိုင်ပြီး မပေးဘဲပြန်ထွက်လာလို့ အဖမ်းခံရမယ်လို့ အုပ်ချုပ်ရေးမှူးက အော်ဟစ် ခြိမ်းခြောက်တာ။ အဖမ်းတော့ မခံနိုင်ဘူးလေ။ ပေးရတာပဲ” လို့ ပြောပါတယ်။

NLD အရပ်သား အစိုးရလက်ထက် ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာပါဝင်တဲ့ ဧည့်စာရင်းတိုင်ရမယ် ဆိုတဲ့အချက်ကို လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးပြီး ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် ဧည့်စာရင်း မတိုင်ရတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013