DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီကစီစဉ်သည့် မှတ်တမ်းရုပ်ရှင်တိုပြပွဲ ဘန်ကောက်တွင် ကျင်းပ
DVB
·
January 27, 2024
ဒီဗွီဘီကစီစဉ်သည့် မှတ်တမ်းရုပ်ရှင်တိုပြပွဲ ဘန်ကောက်တွင် ကျင်းပ
1 / 5
Donate to DVB

ဒီမိုကရက်တစ်မြန်မာအသံ (ဒီဗွီဘီ)သတင်းဌာနက စီစဉ်တဲ့ ရုပ်သံမှတ်တမ်းရုပ်ရှင်ပြသပွဲကို ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲကနေ စတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့  နိုင်ငံခြားသတင်းထောက်များကလပ် (FCCT)  ခန်းမမှာ ကျင်းပခဲ့ပါတယ်။ 

ဒီဗွီဘီသတင်းဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ Documentary မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေက မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေကို ထိထိမိမိ ပေါ်လွင်အောင် ရိုက်ကူး ပုံဖော်ထားတဲ့ ရုပ်သံမှတ်တမ်း ကားတိုတွေကို ပြသခဲ့တာပါ။ 

ဒီပွဲမှာ မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ နိုင်ငံတကာ သတင်းထောက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေအပါအဝင်  ဧည့်ပရိတ်သတ် စုစုပေါင်း ၁၀၀ ဝန်းကျင်လောက် လာရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။ 

ဒီ ရုပ်သံမှတ်တမ်းတိုပြပွဲမှာ ဒီဗွီဘီရဲ့  ၂၀၂၃ ခုနှစ် ရုပ်သံမှတ်တမ်းတို ပြိုင်ပွဲဝင် ဇာတ်ကား ၁၀ ကားထဲက ၅ ကားဖြစ်တဲ့ ဒါရိုက်တာ ဇီးရိုးရဲ့ My notes to spring (Zero)၊ ရန်ကုန်မြို့ပြအကြောင်း သံလွင်ငြိမ်း ရိုက်ကူးထားတဲ့ Page Number 23: Yangon ၊ အက္ခရာရဲ့ A revolutionary mother၊ နွေဦးငယ်ရိုက်ကူးတဲ့ အမျိုးသမီးတော်လှန်ရေးရဲဘော်အကြောင်း “Rachel”  နဲ့ ဒါရိုက်တာ မောင်မိုးရဲ့ Along the river တို့ကို ပြသခဲ့တာ ဖြစ်ပါတယ်။  

ဒီဇာတ်ကားတွေဟာ မြန်မာနိုင်ငံအတွင်းက ရုပ်သံမှတ်တမ်းရိုက်ကူးသူတွေ အန္တရာယ်တွေကြားထဲက မှတ်တမ်းယူ ရိုက်ကူးခဲ့ကြတာဖြစ်ပြီး ရန်ကုန်က လူမှုဘဝတွေ၊ အညာက တော်လှန်ရေးမှာပါဝင်လူငယ်တွေရဲ့ မိခင်အကြောင်းတွေ၊ အမျိုးသမီးရဲဘော်ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေမှုတွေ၊ ပြည်တွင်းစစ်ကြောင့် ပြေးနေကြတဲ့ဘဝတွေ ဘယ်လိုရင်ဆိုင် ဖြတ်သန်းနေကြသလဲဆိုတာကို မှတ်တမ်းတင် ရိုက်ကူး ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်းတိုပြသပွဲ အပြီးမှာတော့ မြန်မာနိုင်ငံရဲ့  မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးနေကြရတဲ့ အခြေအနေတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ သတင်းသမားတွေရဲ့ အခန်းကဏ္ဍ၊ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီဗွီဘီက ဗျူရိုအကြီးအကဲ ဒေါ်မွန်မွန်မြတ်၊ DVB short doc ပြိုင်ပွဲစီစဉ်သူ တဦးဖြစ်တဲ့ မခင်ရူပါ၊ Along the river ရုပ်သံမှတ်တမ်း ပရိုဂျူဆာ ကိုအောင်နိုင်စိုးနဲ့ Thai Film Archive က လက်ထောက် ဒါရိုက်တာ ခေါင်ရစ်ဒီးတို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ သူတွေကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြပြီး ဆွေးနွေးပွဲ အစီအစဉ်ကို ထိုင်းစံတော်ချိန် ည ၉ နာရီခွဲမှာ အဆုံးသတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013