DVB Logo
Home
နိုင်ငံတကာ
Apple က အီးယူနိုင်ငံများတွင် ပြင်ပအက်ပ်စတိုးများ ခွင့်ပြုပေးမည်
DVB
·
January 26, 2024
Apple က အီးယူနိုင်ငံများတွင် ပြင်ပအက်ပ်စတိုးများ ခွင့်ပြုပေးမည်
Donate to DVB

လာမယ့်မတ်လကစပြီး အီးယူနိုင်ငံတွေမှာ ဝယ်ယူတဲ့ Apple ပစ္စည်းတွေမှာ ပြင်ပ အက်ပ်လီကေးရှင်းစတိုးတွေ အသုံးပြုခွင့်ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ Apple အိုင်ဖုန်းတွေ၊ အိုင်ပက်တွေအတွက် Apple ကထုတ်တဲ့ အက်ပ်စတိုးတခုကနေပဲ အက်ပလီကေးရှင်းတွေ ဒေါင်းလုပ်ရယူနိုင်တာ ဖြစ်ပါတယ်။ ဒါက သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက်လို့ Apple က အမြဲခုခံခဲ့ပါတယ်။

သုံးစွဲသူတွေရော၊ အက်ပလီကေးရှင်းရေးဆွဲတဲ့ Developer တွေရော Apple ထိန်းချုပ်မှု အောက်ကပဲ ဖြတ်သန်းရတဲ့အတွက် ဒါဟာ လက်ဝါးကြီးအုပ်မှုဖြစ်တယ်လို့ စွပ်စွဲခံရပါတယ်။

Developer တွေဟာ Apple ကို ရရှိတဲ့ဝင်ငွေထဲကနေ ကော်မရှင် ၃၀ ရာခိုင်နှုန်းအထိ ပေးနေရပါတယ်။

ဒါကြောင့် အက်ပ်စတိုးက Apple ရဲ့ စံချိန်စံညွှန်းနဲ့ မညီညွတ်ရင် ဒါမှမဟုတ် တောင်းတဲ့ ဝန်ဆောင်ခတွေကို မပေးချင်ရင် Apple ပစ္စည်းသုံးတဲ့ သန်းပေါင်းများစွာသော သုံးစွဲသူတွေဆီ ကိုယ့်ရဲ့ဖန်တီးမှုကို ပို့ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

အထင်ရှားဆုံး ဥပမာကတော့ နာမည်ကြီး Fortnite ဂိမ်း ထုတ်လုပ်တဲ့ Epic ကုမ္ပဏီဖြစ်ပြီး Apple နဲ့ ပေးချေမှုကိစ္စ သဘောကွဲလွဲတဲ့အတွက် ၂၀၂၀ ပြည့်နှစ်ကတည်းက အက်ပ်စတိုးမှာ သူ့ဂိမ်းအက်ပလီကေးရှင်း မတင်တော့တဲ့ကိစ္စ ဖြစ်ပါတယ်။

အခုဆိုရင်တော့ အဲဒီလို အက်ပလီကေးရှင်းတွေကို တခြားစတိုးကနေ ဒေါင်းလုပ် ပြန်လည်ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013