DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီက စီစဉ်သည့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု ရုပ်သံမှတ်တမ်းတိုပြပွဲ ဘန်ကောက်တွင် ပြုလုပ်မည်
DVB
·
January 26, 2024
ဒီဗွီဘီက စီစဉ်သည့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု ရုပ်သံမှတ်တမ်းတိုပြပွဲ ဘန်ကောက်တွင် ပြုလုပ်မည်
Donate to DVB

ဒီမိုကရက်တစ်မြန်မာအသံ (ဒီဗွီဘီ) က စီစဉ်တဲ့ ရုပ်သံမှတ်တမ်း ရုပ်ရှင်ပြသပွဲကို ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ညနေ ၆ နာရီက စတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ FCCT ခန်းမမှာ ပြသသွားဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေအတွက် ဘယ်လိုတိုက်ပွဲဝင်နေကြတယ် ဆိုတာကို မှတ်တမ်းယူ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေ ပြသသွားမှာပဲ ဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်းတိုပြသပွဲ အပြီးမှာတော့ မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးနေကြရတဲ့ အခြေအနေတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ သတင်းသမားတွေရဲ့ အခန်းကဏ္ဍ၊ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီဗွီဘီက ဗျူရိုအကြီးအကဲဖြစ်သူ မမွန်မွန်မြတ်၊ DVB short doc ပြိုင်ပွဲစီစဉ်သူ တဦးဖြစ်သူ ခင်ရူပါတို့နဲ့အတူ ရုပ်သံမှတ်တမ်း ပရိုဂျူဆာ အောင်နိုင်စိုးနဲ့ Thai Film Archive က လက်ထောက်ဒါရိုက်တာ Mr Kong Rithdee တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီပြပွဲမှာပြသမယ့် မှတ်တမ်းတိုရုပ်ရှင် ၅ ကားဟာ ဒီဗွီဘီသတင်းဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာ Documentary မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထိထိမိမိ ပေါ်လွင်အောင် ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်သံမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ ၂၀၂၃ ခုနှစ် ရုပ်သံမှတ်တမ်းတို ပြိုင်ပွဲဝင် ဇာတ်ကား ၁၀ ကားထဲက ၅ ကားဖြစ်တဲ့ My notes to spring (Zero)၊ Page Number 23: Yangon (Than Lwin Naing)၊ A revolutionary mother (Akkhayar)၊ Rachel (Nway Oo Ngal) နဲ့ Along the river (Maung Moe) တို့ကို ပြသမှာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားတွေဟာ မြန်မာနိုင်ငံအတွင်းက ရုပ်သံမှတ်တမ်းရိုက်ကူးသူတွေ အန္တရာယ်တွေ ကြားထဲက မှတ်တမ်းယူ ရိုက်ကူးခဲ့ကြတာဖြစ်ပြီး ရန်ကုန်က လူမှုဘဝတွေ၊ အညာက တော်လှန်ရေးမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ မိခင်အကြောင်းတွေ၊ အမျိုးသမီးရဲဘော်ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေမှုတွေ၊ ပြည်တွင်းစစ်ကြောင့် ပြေးနေကြတဲ့ဘဝတွေ ဘယ်လိုရင်ဆိုင် ဖြတ်သန်းနေကြသလဲဆိုတာကို မှတ်တမ်းတင် ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013