DVB Logo
Home
နိုင်ငံတကာ
စစ်တပ်နှင့်ပတ်သက်ပြီး မမှန်သတင်းဖြန့်သူ၏ ပိုင်ဆိုင်မှုသိမ်းခွင့်ပြုသည့် ဥပ‌ဒေ ရုရှား အတည်ပြု
DVB
·
January 25, 2024
စစ်တပ်နှင့်ပတ်သက်ပြီး မမှန်သတင်းဖြန့်သူ၏ ပိုင်ဆိုင်မှုသိမ်းခွင့်ပြုသည့် ဥပ‌ဒေ ရုရှား အတည်ပြု
Donate to DVB

ရုရှားစစ်တပ်နဲ့ပတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေ တမင်တကာဖြန့်တာ အပါအဝင် ရာဇဝတ်မှုများစွာနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေဆီက ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကို သိမ်းယူခွင့်ပြုတဲ့ ဥပဒေကြမ်းရဲ့ ပထမအဆင့်ကို ဇန်နဝါရီ ၂၄ ရက်မှာ ရုရှားနိုင်ငံတော် ဒူးမားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အဲဒီအစီအမံဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ အပြစ်ရှိကြောင်း တွေ့ရှိရသူတွေ၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုသူတွေနဲ့ အစွန်းရောက်လှုပ်ရှားမှုကို လှုံ့ဆော်သူတွေနဲ့လည်း သက်ဆိုင်မယ်လို့ ဆိုပါတယ်။

ပါလီမန်ရဲ့ အောက်လွှတ်တော်ဖြစ်တဲ့ ဒူးမားလွှတ်တော်ဟာ ၃ ကြိမ်တိတိ ဖတ်ကြားဖို့ လိုအပ်တဲ့ ဥပဒေကြမ်းကို ပထမဆုံးအကြိမ်မှာပဲ မဲပေါင်း ၃၉၅ မဲမှာ ၃ မဲအလိုနဲ့ အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေအရ နိုင်ငံကနေ ထွက်ခွာသွားပြီး ယူကရိန်းနဲ့ ပဋိပက္ခမှာ အစိုးရကို ဝေဖန်ကြတဲ့ ရုရှားနိုင်ငံသားတွေ၊ ဒါပေမဲ့ ရုရှားမှာ သူတို့ရဲ့ နေအိမ်တွေ၊ တိုက်ခန်းတွေကို ငှားရမ်းခြင်းကနေ ဝင်ငွေဆက်လက်ရရှိနေသူတွေရဲ့ ပိုင်ဆိုင်မှုကို နိုင်ငံတော်က သိမ်းယူနိုင်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013