DVB Logo
Home
အားကစား
ကစားသမားအပြောင်းအရွှေ့ တွင် အရှုံးအပေါ်ဆုံးအသင်းအဖြစ် ဘာစီလိုနာရပ်တည်
DVB
·
January 25, 2024
ကစားသမားအပြောင်းအရွှေ့ တွင် အရှုံးအပေါ်ဆုံးအသင်းအဖြစ် ဘာစီလိုနာရပ်တည်
Donate to DVB

ကစားသမားအပြောင်းအရွှေ့တွေမှာ အရှုံးအပေါ်ဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်းက ထိပ်ဆုံး နေရာမှာ ရပ်တည်နေပါတယ်။

CIES လို့ ခေါ်တဲ့ ဘောလုံးအချက်အလက်ကုမ္ပဏီကနေ ဥရောပထိပ်တန်းအသင်း ၅၀ အပေါ် လေ့လာဆန်းစစ်ချက်အရ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အပြောင်းအရွှေ့တွေမှာ အရှုံးအပေါ်ဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်းက ရပ်တည်နေတာပါ။

ဘာစီလိုနာဟာ ပေါင် ၁၄၅ သန်းပေးချေခဲ့ရတဲ့ ကော်တင်ညိုရဲ့ အပြောင်းအရွှေ့လို အရှုံးပေါ်ခဲ့တဲ့ ကစားသမားတွေ များပြားခဲ့တာဖြစ်ပြီး ၉ နှစ်အတွင်းမှာ ပေါင် ၅၃၉ သန်းအထိ ရှိခဲ့တာပါ။

ဒုတိယ နေရာမှာ ချဲလ်ဆီးအသင်းက ရပ်တည်နေပြီး ပေါင် ၄၁၂ သန်း အရှုံးပြခဲ့တာပါ။ အဲဒီနောက်မှာ အာဆင်နယ်က ပေါင် ၃၇၂ သန်း၊ ပီအက်စ်ဂျီက ပေါင် သန်း ၃၅၀၊ မန်ယူနိုက်တက်က ပေါင် သန်း ၂၈၀ အသီးသီး အရှုံးပေါ်ခဲ့ကြတာပါ။

ထိပ်ဆုံး ၁၀ သင်းမှာတော့ အေစီမီလန်၊ အက်စ်တန်ဗီလာ၊ အဲဗာတန်၊ လီဗာပူးနဲ့ ဂျုဗင်တပ်တို့က အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

၂၀၁၄ နောက်ပိုင်းမှာ အပြောင်းအရွှေ့တွေကနေ အမြတ်အများဆုံးရခဲ့တဲ့အသင်းတွေက ပြင်သစ်ကလပ်တွေများခဲ့ပြီး လိုင်လီက ပေါင်သန်း ၃၃၀ နဲ့ အမြတ်အများဆုံးဖြစ်ခဲ့ပါတယ်။

ဒုတိယ အမြတ်အများဆုံးက ဟော်လန်ကလပ် အိုင်းယက်ဖြစ်ပြီး ပေါင် ၂၇၁ သန်း အမြတ်ရခဲ့ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013