DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့ ဝါခရူကျေးရွာတွင် ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံရ
DVB
·
January 24, 2024
သံဖြူဇရပ်မြို့ ဝါခရူကျေးရွာတွင် ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီးရှိ ရာဘာခြံတခုမှာ ဒီနေ့မနက် ၈ နာရီခွဲက ရိုဟင်ဂျာ ၁၁၇ ဦးကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဝါခရူကျေးရွာအနီးရှိ ရာဘာခြံထဲမှာ ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ  စစ်ကောင်စီတပ်နဲ့ရဲတွေက ဝင်ရောက်ရှာဖွေခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"လူတွေက အများကြီးရောက်လာတာဆိုတော့ ရွာထဲက လူတွေက အုပ်ချုပ်ရေးကိုဖုန်းဆက်ပြီး သတင်းပို့တာ။ လူကြီးရော၊ ကလေးရော၊ တရာကျော်တယ် စစ်တပ်က ကားနဲ့ခေါ်သွားတယ်။"

မလေးရှားကို အလုပ်လုပ်သွားလုပ်ဖို့ သံဖြူဇရပ်မြို့ရှိ လူပွဲစားတဦးရဲ့ အဆက်အသွယ်နဲ့ ရခိုင်ပြည်နယ်မှ ရောက်ရှိလာတာလို့ အုပ်ချု ပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ယောကျ်ားလေးက ၅၉ ယောက်၊ မိန်းကလေးက ၅၈ ယောက်။ မိန်းကလေး ၅၈ ထဲမှာ ကလေး ၇ ယောက်ပါတယ်၊ အခုလဝကနဲ့စစ်တပ်က စစ်ဆေးနေတယ်။" 

လတ်တလောမှာ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ် နဲ့ လဝကဦးစီးဌာနက စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမမှာ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သံဖြူဇရပ်မြို့နယ်အတွင်း ရိုဟင်ဂျာ ၅၄၆ ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက လဝက အက်ဥပဒေနဲ့တရားစွဲကာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013