DVB Logo
Home
နိုင်ငံတကာ
ဂါဇာပဋိပက္ခဖြေရှင်းရေး အဆိုပြုချက် ပယ်ချခဲ့သည့် အစ္စရေးကို ကုလအတွင်းရေးမှူးချုပ် ဝေဖန်
DVB
·
January 24, 2024
ဂါဇာပဋိပက္ခဖြေရှင်းရေး အဆိုပြုချက် ပယ်ချခဲ့သည့် အစ္စရေးကို ကုလအတွင်းရေးမှူးချုပ် ဝေဖန်
Donate to DVB

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ ဖြေရှင်းရေး နိုင်ငံ နှစ်နိုင်ငံ တည်ထောင်ဖို့ အဆိုပြုချက်ကို ပယ်ချတဲ့ အစ္စရေးအစိုးရရဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

အစ္စရေးရဲ့လုပ်ရပ်ဟာ နေရာတကာမှာ အစွန်းရောက်ဝါဒီတွေကို အားကောင်းစေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်မှုတွေ အဆုံးသတ်ရမယ်လို့ အရှေ့အလယ်ပိုင်းအရေး ကုလ လုံခြုံရေးကောင်စီမှာ အဆင့်မြင့် အစည်းအဝေးအတွင်း ဂူတာရက်စ်က ပြောပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီက အသိအမှတ်ပြု လုံခြုံတဲ့ နယ်စပ်တွေနဲ့အတူ နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေး မျှော်မှန်းချက်ကို ကာလကြာရှည် ထောက်ခံခဲ့တာပါ။

ပါလက်စတိုင်းတွေက အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုဆလင်နဲ့ ဂါဇာကမ်း‌မြောင်တို့ပါတဲ့ နိုင်ငံကို တည်ထောင်ချင်နေပြီး အစ္စရေးက ဒီဒေသတွေအားလုံးကို ၁၉၆၇ ခုနှစ်က သိမ်းပိုက်ထားပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတို့ကြား စစ်ဖြစ်နေဆဲမှာပဲ အစ္စရေးဝန်ကြီးချုပ်က ပါလက်စတိုင်းနယ်မြေတွေ အပါအဝင် ဂျော်ဒန်မြစ် အနောက်ဘက်က မြေအားလုံးရဲ့ လုံခြုံရေးကို အစ္စရေးက ထိန်းချုပ်ထားဖို့လိုတယ်လို့ အရင်အပတ်က ပြောခဲ့ပါတယ်။

“ဒါဟာ အချုပ်အခြာအာဏာနဲ့ ထိပ်တိုက်တွေ့နေတယ်၊ ဒါပေမဲ့ ခင်ဗျား ဘာလုပ်နိုင်လဲ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

အီရန်က ဂါဇာမှာ ဟားမတ်စ်တွေ၊ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ ယီမင်နိုင်ငံထဲမှာတော့ ဟူသီတွေကို ကျောထောက်နောက်ခံ ပေးထားပါတယ်။

ဂါဇာစစ်ပွဲဟာ လက်ဘနွန်နယ်စပ်တလျှောက် ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးကြား ထိပ်တိုက်တွေ့စေခဲ့တာပါ။

ပါလက်စတိုင်းတွေဘက်က ရပ်တည်တယ်လို့ ပြောရင်း အီရန်နဲ့ပတ်သက်နေတဲ့ အုပ်စုတွေက အီရတ်နဲ့ ဆီးရီးယားက အမေရိကန်ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

ပင်လယ်နီထဲမှာတော့ ဟူသီတွေက စီးပွားရေးဆိုင်ရာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒေသတွင်း လုံခြုံရေးပြန်ရဖို့ အဓိကသော့ချက်က ဂါဇာမှာ လူမျိုးတုံးသတ်နေတာကို ရပ်ဖို့ပါပဲလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အမီယာ အဗ်ဒိုလာဟိန်က လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013