DVB Logo
Home
မြန်မာသတင်း
မံစီမြို့နယ်က မန့်ဝိန်းကြီး တပ်စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
January 21, 2024
မံစီမြို့နယ်က မန့်ဝိန်းကြီး တပ်စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီရဲ့ မန့်ဝိန်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

KPDF နဲ့ နီးစပ်သူ ဒေသခံတယောက်က “မနက်က ၇ နာရီလောက်က  မန့်ဝိန်းကြီးမှာ ရှိတဲ့ ကောင်းခန် အထိုင်စခန်းကိုလာတိုက်တယ်။ မနက် ၁၁ နာရီလောက်မှာပဲ စခန်းကို အပြီးသတ် သိမ်းလိုက်နိုင်တယ်။ စစ်တပ်က ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ နှစ်ဖက် ထိခိုက် သေဆုံးကတော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ မန့်ဝိန်းကြီးတပ် ကောင်းခန် အထိုင်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ KPDF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် စခန်းသိမ်းခဲ့တာဖြစ်ပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပေမဲ့ ထိခိုက်ကျဆုံးတာတွေကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မန့်ဝိန်းကြီးတပ်စခန်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲမှာ တည်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ 

ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း မန်စီမြို့နယ်၊ မန့်ဝိန်းကြီးအနီးက ဂေါင်ငူယာန်တပ်စခန်းတခုကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူထားပြီး ဖြစ်ပါတယ်။KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့က စစ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဒီမနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပူးပေါင်းအဖွဲ့တခုဖြစ်တဲ့ ABSDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013