DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာလုပ်သား ၁ ဦး အသတ်ခံရပြီး မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီး
DVB
·
January 21, 2024
မလေးရှားတွင် မြန်မာလုပ်သား ၁ ဦး အသတ်ခံရပြီး မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီး
Donate to DVB

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် ဘန်တုံရှိဒူးရင်းခြံထဲမှာ ဒဏ်ရာအများအပြားနဲ့ သေဆုံးနေတဲ့ မြန်မာအလုပ်သမားတယောက်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ ၂၀ ရက်နေ့ မနက်အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ The Star မှာ ဖော်ပြထားပါတယ်။

ပါဟန်းပြည်နယ်၊ ဘန်တုံခရိုင်ရဲတပ်ဖွဲ့မှုး ဇိုင်ဟန်မို့ဒ်ကာဟာ ဦးဆောင်တဲ့အဖွဲ့ဟာ ဇန်နဝါရီ ၂၀ မနက် ၅ နာရီလောက်က ဒူးရင်းခြံမှာအလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ယောက် အသတ်ခံရတယ်လို့ သတင်းကြားတာကြောင့် သွားရောက်စစ်ဆေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံသား အသတ်ခံရတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာ လူသတ်မှုအတွက် သံသယတရားခံအဖြစ် ယူဆရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်မြန်မာအမျိုးသားကို ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာလည်း ရန်ဖြစ်ရာကရရှိတယ်လို့ ယူဆရတဲ့ ဒဏ်ရာအများအပြားကိုလည်း တွေ့ရှိရတယ်လို့

ဘန်တုံခရိုင်ရဲတပ်ဖွဲ့မှုး ဇိုင်ဟန်မို့ဒ်ကာဟာက ပြောပါတယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားတဲ့နေရာအနီးကနေ ဓား ၂ လက်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယတရားခံ မြန်မာနိုင်ငံသား ချင်းလူမျိုး ၂ ယောက်ကိုလည်း လူသတ်မှုပုဒ်မနဲ့ ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013