DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီက အဓမ္မဖယ်ရှား
DVB
·
January 20, 2024
အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီက အဓမ္မဖယ်ရှား
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာပေါင်း ၁၇ ရွာကို စစ်ကောင်စီတပ်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာတွေလို့ဆိုပြီး နေ့ချင်းပြီး ဖယ်ရှားခိုင်းခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းအချိန်မှာ  ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ စတဲ့ ကျေးရွာတွေကိုတော့ မလာရဲတာကြောင့် စာနဲ့ အကြောင်းကြား ရွှေ့ပြောင်းခိုင်းပြီး ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနဲ့ ရွှေကြာအင်းကျေးရွာတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ရွာထဲက အားလုံး နေ့ချင်းပြီး ထွက်သွားကြဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ် 

ရွာခံတယောက်က “မနက်ပိုင်းကြီး အင်အားအများကြီးနဲ့ ရောက်လာကြတာ။ ခင်ဗျားတို့က PDF တွေကိုထောက်ပ့းတဲ့အတွက် ၁၄၄ နယ်မြေဖြစ်သွားပြီ။ အဲဒီတော့ အကုန်ထွက်သွားကြ။ ဆက်နေတဲ့သူတွေ အသက်အန္တရာယ် အာမ မခံနိုင်ဘူးဆိုပြီး ချက်ချင်းကို ရွှေ့ခိုင်းတာ။ ကလေးတွေနဲ့ အသက်ကြီးတဲ့သူ ရှိတဲ့အိမ်တွေကျ ညနေလောက်မှ အပြီးရွှေ့နိုင်တယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ခံကူညီတယ်လို့ သံသယနဲ့ အခုလို ရွှေ့ပြောင်းခိုင်းတာဖြစ်ပြီး ဆက်လက်နေထိုင်သူတွေကို ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ ပြောဆိုတာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရွာခံအများစုဟာ တောင်ယာနဲ့ ဝါးခုတ် မျောခုတ်အလုပ်ကို အဓိက လုပ်ကိုင်ကြတာကြောင့် ရိုးမထဲကို ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။

ပြီးတော့ စစ်ကောင်စီဟာ ရွှေ့ပြောင်းခိုင်းထားတဲ့ ရွာတွေထဲကို စက်သုံးဆီပေပါတွေ ပို့နေတာကြောင့် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရဖို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Photo Cj

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013