DVB Logo
Home
နိုင်ငံတကာ
ဟူသီသူပုန်တိုက်ခိုက်ခံခဲ့ရသည့် အမေရိကန်သင်္ဘောမှ အမှုထမ်းများကို အိန္ဒိယကယ်တင်
DVB
·
January 20, 2024
ဟူသီသူပုန်တိုက်ခိုက်ခံခဲ့ရသည့် အမေရိကန်သင်္ဘောမှ အမှုထမ်းများကို အိန္ဒိယကယ်တင်
Donate to DVB

ကမ္ဘာ့ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ ယီမင် ဟူသီသူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရတဲ့ အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန်ပိုင် သင်္ဘောတစီးရဲ့ အမှုထမ်းတွေကို အိန္ဒိယရေတပ်က ဇန်နဝါရီ ၁၈ ရက်မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၇ ရက် နှောင်းပိုင်းက အမေရိကန်သင်္ဘော ဂျန်ကိုပီကာဒီ တိုက်ခိုက်ခံရပြီးနောက်မှာ အမေရိကန်စစ်တပ်က သူ့တပ်ဖွဲ့တွေဟာ ဒေသတွင်းရှိ ကုန်သည်သင်္ဘောတွေနဲ့ အမေရိကန်ရေတပ် သင်္ဘောတွေကို တည့်တိုးခြိမ်းခြောက်မှု ဖြစ်လာတဲ့ ဟူသီဒုံးကျည် ၁၄ စင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

နိုဝင်ဘာလကတည်းက ပင်လယ်နီအတွင်းနဲ့ အနီးတဝိုက်မှာ အီရန်မဟာမိတ် ဟူသီပြည်သူ့စစ်တွေက သင်္ဘောတွေကို တိုက်ခိုက်မှုတွေကြောင့် အာရှနဲ့ ဥရောပအကြား ကုန်သွယ်မှု နှေးကွေးခဲ့ပြီး ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေအကြား စစ်ပွဲတွေ အရှိန်မြင့်လာချိန်မှာ အင်အားကြီးနိုင်ငံတွေကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။

ဟူသီတွေက သူတို့ဟာ ပါလက်စတိုင်းတွေနဲ့ တစည်းတလုံးတည်း ရှိနေကြောင်း ပြောကြားလိုက်ပြီး သူတို့အဖွဲ့ရဲ့ စခန်းတွေကို အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ သူတို့ဟာ အမေရိကန်သင်္ဘောတွေကို ပစ်မှတ်ထားမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013