DVB Logo
Home
မြန်မာသတင်း
အက်တမ်အော်ပရေတာ ဟန်ဆောင်ပြီး ငွေလိမ်လည်
DVB
·
January 19, 2024
အက်တမ်အော်ပရေတာ ဟန်ဆောင်ပြီး ငွေလိမ်လည်
Donate to DVB

အက်တမ်အော်ပရေတာဟန်ဆောင်ကာ ဖုန်းကံစမ်းမဲ ပေါက်တယ်ဆိုပြီး ဖုန်းဘေလ် ကျပ် ၃၅,၀၀၀ လွှဲပေးခိုင်းပြီး လိမ်လည်နေတယ်လို့ အလိမ်ခံရသူတွေထံက သိရပါတယ်။

အက်တမ်ဌာနကပါ၊ ကံစမ်းမဲပေါက်တယ် ဆိုပြီး အဖွဲ့လိုက် လိမ်တာဖြစ်ကြောင်း၊ Wave Money မှ ပိုက်ဆံရောက်သလို ပမာဏတခုကို ရေးပြီး Wave Money ကို တုပကာ အက်တမ်ဖုန်းနံပါတ်နဲ့ ပို့လိုက်ကြောင်း၊ ပြီးနောက် ဖုန်းဆက်ပြီး ဖုန်းဘေလ်ကျပ် ၃၅,၀၀၀ လွှဲပေးပါက Wave Money ရဲ့ လျှို့ဝှက်နံပါတ် ပို့ပေးမယ်လို့ အညာသံဝဲဝဲနဲ့ အမျိုးသမီးတယောက်က ဖုန်းဆက်သလို  တခါတလေ အမျိုးသားအသံနဲ့လည်း ဆက်တယ်လို့ လိမ်လည်ခံရသူတဦးက ပြောပါတယ်။

အက်တမ်ကောစင်တာမှ တာဝန်ရှိသူတဦးက “အက်တမ်မှာ ပရိုမိုးရှင်း မရှိသေးပါဘူး။ ပရိုမိုးရှင်း ရှိတယ်ဆိုလည်း Wave Money ကနေ မလွှဲပေးပါဘူး။ အက်တမ်ဘက်က ၉၇၉ က ဖြစ်စေ၊ ၀၉၇၅၀၀၉၇၅၀၀ နဲ့ဖြစ်စေ တရားဝင်နံပါတ်နဲ့ ဖုန်းတိုက်ရိုက် ဆက်သွယ်ပေးပြီး နီးစပ်ရာဘဏ်ကတဆင့် ဆုငွေတိုက်ရိုက်ထုတ်ခိုင်းတာတွေ ရှိပါတယ်။ ကိုယ့်ဖုန်းနံပါတ်ကို ပြန်ပြီး ဖုန်းဘေလ် ပြန်ထည့်ခိုင်းတာတွေ လုံးဝမရှိပါဘူး။ ကောစင်တာကို ဆက်သွယ်မေးမြန်းလို့ ရပါတယ်။ အက်တမ် မြန်မာဘက်ကနေ ကာစတန်မာတွေကိုင်တဲ့ ရိုးရိုးဖုန်းနံပါတ်တွေ လုံးဝမသုံးပါဘူး” လို့ ပြောပါတယ်။

Wave ကနေ ဖုန်းခေါ်ရင်လည်း ၉၀၀ ဒါမှမဟုတ် ၀၉ ၇၉၀၀၀၉၀၀၀ ဒီဖုန်းနံပါတ် နှစ်ခုကနေပဲ ဆက်သွယ်မှာဖြစ်ပြီး မက်ဆေ့ချ်နဲ့ ဆက်သွယ်ပေးမယ်ဆိုရင်လည်း Wave Money နာမည် ခေါင်းစဥ်နဲ့သာ ဆက်သွယ်မှာ ဖြစ်ပါတယ်။

Wave Money စင်တာ တာဝန်ရှိသူတဦးက “တခြားဖုန်းနံပါတ်နဲ့ ဆက်သွယ်ထားတာ ဆိုရင်တော့ Wave Money က ဆက်သွယ်ထားတာ မဟုတ်ပါဘူး။ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ငွေလွှဲဝင်တာတွေ ရှိတယ်ဆိုရင် ကာယကံရှင်က သက်ဆိုင်ရာဌာနကို ခေါ်ယူ အကြောင်းကြားမယ်ဆိုရင် အရေးယူ ဆောင်ရွက်ပေးပါတယ်” လို့ ပြောပါတယ်။

အက်တမ်ရဲ့ ဖေ့စ်ဘွတ်ခ် တရားဝင်စာမျက်နှာကနေလည်း ဆုမဲကံထူးရှင်တွေဆိုပြီး လိမ်လည်လှည့်ဖျားနေတာကို အထူးသတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

အခုလို လိမ်လည်မှုတွေဟာ မြန်မာပြည်အနှံ့အပြား ဖြစ်ပေါ်နေပြီး နိုင်ငံရေးမတည်ငြိမ်ဘဲ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ပိုက်ဆံရလွယ်ကူတဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပုံစံအမျိုးမျိုးနဲ့ ပြည်သူတွေကြား ရောက်ရှိလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013