DVB Logo
Home
နိုင်ငံတကာ
ရူပဗေဒနိုဘယ်ဆုအတွက် ပညာရှင် ၃ ဦး ချီးမြှင့်ခံရ
DVB
·
October 4, 2023
ရူပဗေဒနိုဘယ်ဆုအတွက် ပညာရှင် ၃ ဦး ချီးမြှင့်ခံရ
Donate to DVB

၂၀၂၃ ခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို ဂျာမနီနိုင်ငံ ဂါချင်မြို့ရှိ မက်ခ်စ်ပလန့်ခ်တက္ကသိုလ် ကွမ်တမ် အော့ပ်တစ်ခ်စ်ဌာနက ဟန်ဂေရီနွယ်ဖွား ဒါရိုက်တာ  ဖရန့်စ်နက်စ် ခရို့ဇ်၊ ပြင်သစ် ရူပဗေဒပညာရှင် ပီးယဲ အက်ဂိုးစတင်ညီနဲ့ ပြင်သစ်-ဆွီဒင် ကပြား ရူပဗေဒပညာရှင် အန်း လွီယယ်တို့ ၃ ဦး ချီးမြှင့်ခံခဲ့ရပါတယ်။

သူတို့ ၃ ဦးဟာ အက်တမ်တွေနဲ့ မော်လီကျူးတွေအတွင်း ဖြစ်စဉ်တွေကို ဖမ်းယူနိုင်တဲ့ အလွန်တိုတဲ့ အလင်းလှိုင်းကြိမ်နှုန်းကို ဖန်တီးမှုအတွက် ဆုရခဲ့တာပါ။

ခရို့ဇ်က အောက်တိုဘာ ၃ ရက် မနက် ၁၁ နာရီမှာ ဖုန်းဝင်လာပြီး သူအိပ်မက်မက်နေတာလား ဆိုတာ သိဖို့ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ သူ့ဇနီးနဲ့ မိသားစုအပြင် သူ့ရဲ့ မူလတန်း ကျောင်းဆရာတွေကိုပါ သူလမ်းကြောင်းပေါ်ရောက်အောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း သူက ပြောပါတယ်။

ခရုိ့ဇ်က သူ့ရဲ့ အတွေးအမြင်တွေဟာ သူ့ရဲ့ သုတေသနမှာ ပါဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးက အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ အရေးအကြီးဆုံး သင်ခန်းစာက အိပ်မက်တွေရဲ့နောက်ကို လိုက်ဖို့ပဲလို့လည်း သူကဆိုပါတယ်။

တစက္ကန့်ရဲ့ အပုံ ၁၈၀ မှာ တပုံထိတိုတဲ့ ကာလအတွင်း အပြောင်းအလဲတွေဖြစ်နေတဲ့ အက်တမ်တွေထဲက အီလက်ထရွန်တွေရဲ့ လှုပ်ရှားမှုကို လေ့လာဖို့ လူသားထုအတွက် ကိရိယာကို သူတို့ရဲ့လေ့လာချက်က ထုတ်ပေးခဲ့တယ်လို့ နိုဘယ်ဆုရွေးချယ်ရေး အကယ်ဒမီက ပြောပါတယ်။

အခုနှစ်မှာ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအတွက် ဆွီဒင်ခရောင်းငွေ ၁၁ သန်း (အမေရိကန် ဒေါ်လာ ၁ သန်းခန့်) ကို တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက ချီးမြှင့်မှာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013