DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၁ လအတွင်း ဒေသခံ ၂၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
January 18, 2024
ဧရာဝတီတိုင်း၌ ၁ လအတွင်း ဒေသခံ ၂၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း PDF တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဒေသခံ ရေလုပ်သားတွေ အပါအဝင် လူ ၂၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ အရပ်သား ဒေသခံတွေဟာ တော်လှန်ရေးတပ် PDF တွေကို ဆက်သွယ်ပြီး အားပေးကူညီ ထောက်ပံ့တယ်လို့ စွပ်စွဲကာ ရေလုပ်သားတွေ အပါအဝင် ဒေသခံ ၂၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၂ ယောက်ထဲမှာ အသက်၂၀ ဝန်းကျင်အရွယ် လူငယ်မျိုးသား ၁၆ ယောက်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ယောက်၊ အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၄ ယောက်ဖြစ်ပြီး အဖမ်းခံရတဲ့အထဲ ရေလုပ်သား ဒေသခံအမျိုးသား ၅ ယောက်အထိ ပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းခံရသူတွေရဲ့ မိသားစုဝင်တယောက်က “စစ်တပ်က သက်သက် အနိုင်ကျင့်နေတာပါ။ ဟိုအကြောင်းပြဖမ်း ဒီအကြောင်းပြပြီးဖမ်း လုပ်နေတာလေ။ အဖမ်းခံရတဲ့ ရေလုပ်သားတွေဆို PDF ထောက်ပံ့ဖို့ ဝေးလို့ သူတို့မိသားစုစားဖို့တောင် အနိုင်နိုင်ပါ။ ဒါကို PDF အဖွဲ့တွေနဲ့ ပတ်သက်တာ တွေ့ရှိလို့၊ ဆက်သွယ်ကူညီလို့ဆိုပြီး ဖမ်းတာပါတဲ့။ ပတ်သက်မှုမရှိရင် စိတ်ပူနေရာ မလိုဘူးလို့ ပြောသေးတယ်။ လူတို့လက်ထဲရောက်တာနဲ့တင် စိတ်ပူနေရပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း စစ်ကောင်စီတပ်က ဟင်္သာတ၊ ဇလွန်၊ ကျိုက်လတ်၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ညောင်တုန်း၊ သာပေါင်း၊ ဒေးဒရဲ စတဲ့မြို့နယ်တွေက ဒေသခံ ၂၂ ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရသူတွေအရေး ဆောင်ရွက်နေသူတယောက်က “စစ်ကောင်စီက ပုသိမ်နဲ့ ဟင်္သာတဘက်က ဒေသခံ အရပ်သားတွေကို အများဆုံး ဖမ်းခဲ့တာ။ ဒီနေ့အထိ အဖမ်းခံရသူတွေကို ဘယ်ပုဒ်မနဲ့မှ အမှုမဖွင့်ရသေးပါဘူး။ ဒါက ငွေညှစ်ဖို့ ခွင်ဆင်နေတာပါ။ အရင်ကလည်း ငွေညှစ် ပြန်လွှတ်တာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ဧရာဝတီတိုင်းမှာ စစ်ကောင်စီက PDF အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ကုန်စိမ်းသည် အမျိုးသမီး ၃ ယောက် အပါအဝင် ဒေသခံ ၂၃ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013