
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေကြီးရေလျှံလို့ လူ ၅၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ရပ်ကွက်တခုလုံး ပိတ်မိနေခဲ့ပါတယ်။
ကော့ဇ်ဘဇားကမ်းရိုးတန်းခရိုင်ဟာ ပြီးခဲ့တဲ့အပတ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကလေးသူငယ်တွေ အပါအဝင် လူအများအပြား သေဆုံးခဲ့တဲ့အထိ အဆိုးရွား ဆုံးထိခိုက်ခံခဲ့ရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ရွာပေါင်းများစွာဟာ ခါးအထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး တချို့နေရာတွေမှာ သွပ်မိုးအိမ်တွေရဲ့ အမိုးတွေပေါ်အထိ ရေတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
လူတသန်းကျော်ဟာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေခဲ့တာပါ။ ဒေသခံအများအပြားက ကယ်ဆယ်ရေး အကူအညီတွေရောက်ဖို့ နှေးနေပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူးလို့ ညည်းညူခဲ့ကြပါတယ်။
Source: Reuters











