DVB Logo
Home
မြန်မာသတင်း
တီးတိန် သိုင်းငင်းရွာရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်
DVB
·
January 16, 2024
တီးတိန် သိုင်းငင်းရွာရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာ စစ်ကောင်စီဂိတ်စခန်းကို ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိထားကာ ဒေသခံကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

သိုင်းငင်း စစ်ကောင်စီစခန်းကို ဒီမနက်မှာပဲ သိမ်းနိုင်ပြီဖြစ်ကြောင်း CDF-CDM-SIYIN အဖွဲ့ တာဝန်ခံတဦးက  ဒီဗွီဘီကို အတည်ပြုပြောသလို CDF-CDM-Siyin ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း  ရေးသားထားပါတယ်။

အဲ့ဒီသိုင်းငင်းစခန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းကစတင်ပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ ရက်‌မြောက်နေ့မှာ စခန်းကို သိမ်းနိုင်ခဲ့တာပါ။

အဆိုပါ သိုင်းငင်းစစ်ကောင်စီစခန်း သိမ်းပိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီကတော့ သိုင်းငင်းစခန်း မကျဖို့ရာ ကလေးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ် ပစ်ကူပေးခဲ့ပါတယ်။

သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကလေး-တီးတန်-ဖလမ်း လမ်းမပေါ်မှာ တည်ရှိပြီး ‌လူဦးရေ ၇၀၀ ကျော်နေထိုင်ကာ လက်ရှိမှာတော့ ဒေသခံတွေက ကျေးရွာတွင်းကနေ တိမ်းရှောင်နေတာ ၂ လဝန်းကျင်ရှိပြီလို့ CDF-SIYIN အဖွဲ့ တာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက်က စတင်ပြီး ကလေး-သိုင်းငင်း၊ တီးတိန်လမ်းမကြီးကို ဒေသခံတွေ အနေနဲ့ရော ခရီးသွားတွေအနေနဲ့ပါ အသုံးမပြုကြဖို့ CDF-Civic Defense Militia -CDM-Siyin အဖွဲ့က သတိပေးထားတာပါ။

နိုဝင်ဘာ ၂၉ ရက်ကလည်း ရေဇွာမြို့က စစ်ကောင်စီစခန်းအားလုံးကို ချင်း‌ဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

လက်ရှိ ချင်းပြည်နယ်မှာတော့ ချင်းဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရိခေါ်ဒါရ်မြို့၊ ရေဇွာမြို့၊ ဆူရ်ခွား၊ နှာရိန်၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ ဝေဘူလ စတဲ့မြို့ ၇ မြို့ကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013