Home
မြန်မာသတင်း
စူပါမားကတ်များ လက်လီဆန်သိုလှောင်မှု စာရင်းပေးပို့ရန် ဆန်စပါးအသင်းချုပ် ထုတ်ပြန်
DVB
·
January 12, 2024

စူပါမားကတ်တွေမှာရောင်းချနေကြတဲ့ ဆန်ကီလိုအထုတ်ငယ်တွေရဲ့ သိုလှောင်မှုပမာဏတွေကို အသင်းချုပ်က လွှင့်တင်ထားတဲ့ မြန်မာဆန်စပါးအွန်လိုင်းစနစ်မှာ စာရင်းပေးပို့ မှတ်ပုံတင်ဖို့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် ရက်စွဲနဲ့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၆ ရက်နေ့ကတည်းက ဆန်တန်ချိန် ၅၀ နဲ့ စပါးတင်း ငါးထောင်နဲ့ အထက်သို လှောင်ပါက စာရင်းပေးပို့သွားဖို့ ဆန်စပါးအသင်းချုပ်က စတင်ကြေညာခဲ့ပြီးတဲ့နောက် အ ခုအခါမှာ စူပါမားကတ်က ကီလိုဆန်အထုတ်ငယ်တွေရဲ့ သိုလှောင်မှုကိုပါ စာရင်းပေးပို့သွားဖို့ ထုတ်ပြန်လာတာပါ။

ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ဖို့၊ ပြည်ပဆန်တင်ပို့တဲ့ပမာဏကို စနစ်တကျသတ်မှတ်နိုင်ဖို့၊ စပါးပေါ်ချိန်မှာ ဝင်ရောက်ဈေးကစားတဲ့ ဒဏ်ကနေ မိရိုးဖလာဆန်အရောင်းအဝယ် လုပ်ကိုင်သူတွေကို ကာကွယ်ပေးဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ ဆန်သိုလှောင်တဲ့ပမာဏတွေကို မှတ်ပုံတင်ထိန်းကျောင်းရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လတ်တလော ဆန်တင်ပို့မှုအပါအဝင် ကောက်ပဲသီးနှံတင်ပို့မှုက ရရှိလာတဲ့ ဝင်ငွေကလည်း နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ နည်းလမ်းတခုဖြစ်တဲ့အတွက် ဆန်ကအစ ကောက်ပဲ သီး ပြည်ပတင်ပို့တဲ့လုပ်ငန်းကို ကြပ်မတ်လုပ်ကိုင်လာတာဖြစ်ပါတယ်။

မြန်မာ့ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအထိ ဆက်တိုက် ကျဆင်းခဲ့ပြီးတဲ့နောက် အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိ ဆက်တိုက် ပြန်လည် မြင့်တက်လာပါတယ်။ အဲ့ဒီလိုပြန်လည်မြင့်တက်လာပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကာလတူ တင်ပို့မှုနဲ့ ပြန် လည်နှိုင်းယှဥ်မယ်ဆိုရင်တော့ စုစုပေါင်းတင်ပို့မှုက တန်ချိန် သုံးသိန်းကျော် လျော့နည်းနေပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မှာ ကိုးလတာဆန်တင်ပို့မှုက စုစုပေါင်းတန်ချိန် ၁.၆ သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ တန်ချိန် ၁.၃ သန်းကျော်သာ တင်ပို့နိုင်ပါသေးတယ်။

တန်ချိန် သုံးသိန်းကျော်လျော့နည်းရာမှာ ပုံမှန်ကုန်သွယ်ရေးထက် နယ်စပ် ကုန်သွယ်ရေးမှာ တင်ပို့မှုက တန်ချိန် နှစ်သိန်းခြောက်သောင်းကျော် လျော့နည်းနေတာကို ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းဇယားတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

လက်ရှိ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့မှုကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၆၂ သန်း ရရှိထားတယ်လို့ ဆန်စပါးအသင်းချုုပ်က ထုတ်ပြန် ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024