DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်တသက်တကျွန်းနှင့် သေဒဏ်ချမှတ်ခံရသူ ၆ လအတွင်း  ၉၀ ကျော်ရှိလာ
DVB
·
January 11, 2024
ထောင်ဒဏ်တသက်တကျွန်းနှင့် သေဒဏ်ချမှတ်ခံရသူ ၆ လအတွင်း  ၉၀ ကျော်ရှိလာ
Donate to DVB

၂၀၂၃ ခုနှစ်၊ ဇူလိုင်ကနေ ဒီဇင်ဘာအထိ ၆ လတာအတွင်း  ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ်ချမှတ်ခံရသူပေါင်း  အယောက် ၉၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှတ်တမ်းအရ သိရပါတယ်။

နိုင်ငံတဝန်းက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အ ကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး ၁၃၉ ယောက်နဲ့ အမျိုးသား ၅၆၄ ယောက်၊ စုစုပေါင်း ၇၀၃ ယောက် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၅၀၄ ယောက်နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ၇၀၃ ယောက်ထဲမှာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၆၈ ယောက်၊ သေဒဏ်ချမှတ်ခံရသူ ၂၂ ယောက်နဲ့ ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ် နှစ်ခုလုံး ချမှတ်ခံရသူ ၂ ယောက်ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၃၃၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၇၉၁ ယောက်ထိ ရှိလာခဲ့ပြီလို့ အေအေပီပီ က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၁၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၄၆၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၉ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိလာပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၈၈၀ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို ခံထားရတာတွေ၊ အဆိုပါကာလအတွင်း စစ်အုပ်စု လက်ချက်နဲ့ ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက ဖော်ပြပါ [email protected] အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ဖို့လည်း  အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013