DVB Logo
Home
နိုင်ငံတကာ
၂၀၂၃ ခုနှစ် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်
DVB
·
January 10, 2024
၂၀၂၃ ခုနှစ် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်
Donate to DVB

၂၀၂၃ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ စံချိန်တင် အပူဆုံးဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တသိန်းအတွင်း ကမ္ဘာပေါ်မှာ အပူဆုံးနှစ် ဖြစ်နိုင်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဌာန (C3S) က ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။

သစ်ပင်ရဲ့ ပင်စည်ကို ကန့်လန့်ဖြတ်ကြည့်ရင် မြင်ရတဲ့အကွင်းတွေနဲ့ ရေခဲမြစ်တွေထဲက လေပူဖောင်းတွေလို အရင်းအမြစ်တွေဆီကနေ အချက်အလက် ရယူထားတဲ့ သဘာဝရင်းမြစ် အချက်အလက်ဗေဒ သတင်းမှတ်တမ်းတွေကို စစ်ဆေးအပြီးမှာ ခုလို အတည်ပြုတာလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) ရဲ့ နည်းပညာရှင် ကာလို ဘွန်တမ်ပိုက ပြောပါတယ်။

ရာသီဥတု စံချိန်မှတ်တမ်းတွေကို အကြိမ်ကြိမ် စံချိန်ချိုးပြီးတဲ့နောက် သိပ္ပံပညာရှင်တွေက သမိုင်းမှတ်တိုင်တရပ်ကို ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခဲ့ကြတာပါ။

ဇွန်လကစပြီး လတိုင်းဟာ အရင်နှစ်တွေနဲ့ နှိုင်းစာရင် ကမ္ဘာပေါ်မှာ အပူဆုံးလအဖြစ် စံချိန်တင်ခဲ့ပါတယ်။

C3S ဟာ ၁၈၅၀ ပြည့်နှစ်ကစခဲ့တဲ့ ကမ္ဘာ့အပူချိန် မှတ်တမ်းတွေအတွင်း ၂၀၂၃ ခုနှစ်ကို အပူဆုံးနှစ်အဖြစ် အတည်ပြုခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာဂြိုဟ်ဟာ ၁၈၅၀ ကနေ ၁၉၀၀ ပြည့်နှစ်တွေကြား စက်မှုခေတ်မတိုင်မီကထက် ၁ ဒသမ ၄၈ ဒီဂရီ စင်တီဂရိတ် ပိုမိုပူနွေးလာခဲ့တာပါ။

အဲဒီ စက်မှုခေတ်မတိုင်ခင်ကစပြီး လူသားတွေဟာ ရုပ်ကြွင်းလောင်စာတွေကို လုပ်ငန်းအဆင့်အနေနဲ့ စတင်လောင်ကျွမ်းစေခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို လေထုထဲ ထုတ်လွှတ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013