DVB Logo
Home
မြန်မာသတင်း
မြိတ်ခရိုင် PDF ဒုတပ်ရင်းမှူးအား တိုင်ကြားထားမှု MOD က အရေးယူဆောင်ရွက်နေ
DVB
·
January 9, 2024
မြိတ်ခရိုင် PDF ဒုတပ်ရင်းမှူးအား တိုင်ကြားထားမှု MOD က အရေးယူဆောင်ရွက်နေ
Donate to DVB

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှာ ဒု-တပ်ရင်းမှူးက လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ တပ်သား ၂ ဦးကို အပြစ်ပေးခဲ့တဲ့အပေါ် MODရဲ့ တိုင်ကြားရေးကော်မတီက အမြန်ဆုံးအရေးယူ ဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း တာဝန်ခံက ပြောပါတယ်။

မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း တာဝန်ခံ ကိုအဲလစ်က “အခုကိစ္စမှာ ဒု-တပ်ရင်းမှူး ကိုယ်တိုင်ပါဝင်နေတဲ့အတွက် ကျနော်တို့က အမှုတွဲတည်ဆောက်ပြီးတော့ MOD ကို တင်ပေးရတယ်။ အဲဒီအမှုတွဲနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ကျနော်တို့ဆီ ချိတ်ဆက်ပြီး မေးမြန်းလာတာတွေလည်းရှိပါတယ်။ အဲဒီအမှုတွဲနဲ့ ပတ်သက်ပြီးတော့ အပြစ်ရှိသူကို အရေးယူနိုင်ဖို့ MOD ရဲ့ တိုင်ကြားရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။

၂၀၂၃၊ ဒီဇင်ဘာ ၂၃ ရက်မှာ ဒု-တပ်ရင်းမှူး Tiger (မင်းသား) က မွမ်းမံသင်တန်းမတက်ရောက်တဲ့ တပ်သားရောင်နီကို လုပ်ထုံးလုပ်နည်းအရမဟုတ်ဘဲ ခေါင်းကို သေနတ်ဒင်နဲ့ ရိုက်ပြီး သေနတ်နဲ့ ချိန်ရွယ်အပြစ်ပေးခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါကိစ္စကို လာရောက်ညှိနှိုင်းသူ ဒု-ဘဏ္ဍာရေးမှူး ကိုစံမျိုးအောင်ကိုလည်း ပါးရိုက်ခဲ့သေးတယ်လို့ တပ်ရင်းက ရဲဘော်တဦး ပြောပါတယ်။

“ဥပဒေအထက်မှာ ဘယ်သူမှမရှိစေဘဲနဲ့ ဒီကိစ္စအပေါ်မှာ အပြစ်ရှိသူကို ထိထိရောက်ရောက် အမြန်ဆုံး အရေးယူစေချင်တယ်။” 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီက မြိတ်ခရိုင်၊ အမှတ် (၁) ဒုတပ်ရင်းမှူးကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

၂၀၂၃၊ ဒီဇင်ဘာ ၃၀ ရက်မှာ အခြေခံပညာရေး ဘုတ်အဖွဲ့များကော်မတီက ဒု-တပ်ရင်းမှူးရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချထားပြီး MOD အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ သဘောထား ထုတ်ပြန်ထားပါတယ်။

အခြေခံပညာရေးဘုတ်အဖွဲ့များကော်မတီမှ ဆရာတဦးက “MOD အနေနဲ့လည်း အရေးယူဆောင်ရွက်နေတယ်လို့ သိရတယ်။ MOD က ချမှတ်ထားတဲ့ ရဲဘော်တွေ လိုက်နာရမယ့် နည်းဥပဒေအတိုင်း ကျူးလွန်ခဲ့တဲ့သူကို ထိထိရောက်ရောက် အရေးယူစေချင်တယ်။ ပြည်သူတွေသိအောင်လည်း ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်” လို့ ပြောပါတယ်။

အဆိုပါကိစ္စအပေါ် တရားမျှတမှုရှိတဲ့အထိ မဖြေရှင်းပေးပါက ပုလော PDF အဖွဲ့ကို ထောက်ပံ့မှုတွေ ရပ်တန့်ထားမယ်လို့ ပြည်ပရောက်ထောက်ပို့အဖွဲ့ ၁၂ ဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013