DVB Logo
Home
အားကစား
ဂျာမန် ဂန္ထဝင်ကစားသမားကြီး ဘက်ကင်ဘောင်ဝါ အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်
DVB
·
January 9, 2024
ဂျာမန် ဂန္ထဝင်ကစားသမားကြီး ဘက်ကင်ဘောင်ဝါ အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်
Donate to DVB

ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် ဂန္ထဝင်ကစားသမားကြီး ဖရန့်ဇ်ဘက်ကင်ဘောင်ဝါဟာ အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၂ ကြိမ် ရရှိခဲ့ဖူးသူ နောက်တန်းကစားသမားကြီးဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နေအိမ်မှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်ခဲ့ကြောင်း၊ မိသားစုဝင်တွေအနေနဲ့ ဝမ်းနည်းကြေကွဲရကြောင်း ဂျာမနီသတင်းအေဂျင်စီတခုကို မိသားစုဝင်တဦးက ပြောပါတယ်။

ဘက်ကင်ဘောင်ဝါဟာ ကစားသမားဘဝက အနောက်ဂျာမနီအသင်းနဲ့အတူ ၁၉၇၄ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့သလို ဂျာမနီနည်းပြဘဝမှာလည်း ၁၉၉၀ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သူပါ။

ဘိုင်ယန်မြူးနစ်အသင်းမှာ စုစုပေါင်း ပွဲပေါင်း ၆၀၀ နီးပါး ကစားခဲ့ပြီး နိုင်ငံအသင်းအတွက် စုစုပေါင်း ၁၀၃ ပွဲ ကစားခဲ့ပါတယ်။

ဘက်ကင်ဘောင်ဝါဟာ ဂျာမနီဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး လစ်ဘရို နောက်ခံလူနေရာရဲ့ အခန်းကဏ္ဍကို ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်ကြောင်း ဂျာမနီလက်ရွေးစင်နည်းပြ နာဂယ်စ်မန်းက ပြောပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013