DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် ဆုံးရှုံး
DVB
·
January 7, 2024
ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် ဆုံးရှုံး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၇ ရက် မနက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်း Camp-5 ဟာ ဇန်နဝါရီ ၇ ရက် မနက်အစောပိုင်း ၁၂ နာရီ ၅၅ မိနစ်မှာ မီးရှို့ခံခဲ့ရတာလို့ ကူတူပါလောင် ဒုက္ခသည်စခန်းက လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုဆွေယောဒုလ်ကရိမ်က ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့တာကတော့ ဘယ်အဖွဲ့စည်းရဲ့ လက်ချက်လဲဆိုတာကို အတည်မပြုနိုင်သေးဘဲ ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနနဲ့ ရိုဟင်ဂျာပြည်သူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့လို့ မနက် ၄ နာရီအချိန်မှသာ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဗလီကျောင်း ၁၀ လုံး အပါအဝင် အိမ်ခြေ ၁၀၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး မီးကူးစက်မှုမရှိအောင် အိမ်ခြေ ၃၀၀ ကျော် ဖြိုဖျက်ခဲ့ရကာ ဒဏ်ရာအနည်းငယ်ရရှိသူတချို့ရှိပေမယ့် သေဆုံးသူတော့ မရှိဘူးလို့ ပြောပါတယ်။

“မီးဘေးသင့်ပြည်သူတွေကိုတော့ လက်ရှိအချိန်မှာ သက်ဆိုင်ရာ NGO/INGO အဖွဲ့တွေက ကူညီထောက်ပံ့တာတွေတော့ ပြုလုပ်ပေးနေတယ်။ ဒါပေမယ့် ဆောင်းဥတုဖြစ်တာကြောင့် အနွေးထည်၊ စောင်၊ အဝတ်အထည်တွေ၊ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်” လို့ ကိုဆွေယောဒုလ်ကရိမ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက် မနက်ကလည်း ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အမျိုးသမီး ၁ ယောက်သေဆုံးကာ၊ ၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013