DVB Logo
Home
မြန်မာသတင်း
ပေါက်တောနှင့် တန့်ဆည်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦးသေဆုံး
DVB
·
January 6, 2024
ပေါက်တောနှင့် တန့်ဆည်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ပြီး လက်နက်ကြီနဲ့ပစ်လို့ မူကြိုကျောင်းသားအပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရသွားပါတယ်။

ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ စစ်တွေအခြေစိုက် ရဲတပ်ရင်း ၁၂ က လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ တောင်းဖူးကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ရွာထဲမှာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့လို့ ပြည်သူ ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရွာအနီးနားတွေမှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကျည်ကြောင့် တောင်းဖူးကျေးရွာက အသက် ၃၀ အရွယ် ဒေါ်ဦးဝင်းသာရဲ့ ညာဘက်ဒူးနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ဦးအေးသန်းရဲ့ ညာဘက်လက်မောင်းနဲ့ ဒူးဆစ်တို့မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြီး သူတို့ကို နီးစပ်ရာ ဆေးရုံတခုကို ပို့ဆောင်ပြီး ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့ဘက်မှာတော့ ညနေ ၄ နာရီကျော်လောက်က ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲဖြစ်သံကြားပြီး စစ်ကောင်စီဘက်က နေဗီ အမှတ် ၄၄၃ နဲ့ စစ်တွေအခြေစိုက် ရဲတပ်ရင်း ၁၂ က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရော ညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၆၀ လောက်သေဆုံးပြီး ၁၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိန်နန်းရွာကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က မန္တလေး၊ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၅ နှစ်အရွယ် မူကြိုကျောင်းသားတယောက်အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးခဲ့ပါတယ်။

‌ဒေသခံပြည်သူ ၁၂ ယောက် ဒဏ်ရာရပြီး ၂ ယောက်ကတော့ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ ပြည်သူနေအိမ် ၄ လုံး လုံးဝ ပျက်စီးခဲ့ပြီး ၄ လုံး ကတော့ နည်းနည်းပဲ ပျက်စီးသွားသလို့ စာသင်ကျောင်း ဘော်ဒါဆောင် ၂ ဆောင်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ နွား ၂ ကောင်၊ ဝက် ၈ ကောင်လည်း သေဆုံးခဲ့ပါတယ်။

အကြောင်းမဲ့ လာရောက်တိုက်ခိုက်တာဖြစ်ပြီး 46Q GL 07951 70868 ပေါင် ၂၀၀ ဗုံး ၁ လုံး၊ 46Q GL 07997 70836 ရှော့ကဒ် ၂ လုံးနဲ့ 46Q GL 08034 70826 ရှော့ကဒ် ၁ လုံး ပစ်ချခဲ့တာလို့ ဒေသကာကွယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013